အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည့် အခမ်းအနားတက်ရောက်သည့် သတင်း
![]()
ITF ASIA 12 & under team final round သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရ တင်းနစ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုကြိုဆိုသည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည့် အခမ်းအနားတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည့် အခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာလုပ်ငန်းကိစ္စရပ်များကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ ဝန်ထမ်းများအားလုံးသည် ပြည်သူ့ဝန်ထမ်းများဖြစ်ပြီး၊ မိမိတို့၏ ခံယူချက်၊ အသိစိတ်ဓါတ်၊ ဝါသနာတို့ဖြင့် နိုင်ငံ့တာဝန်များကိုထမ်းဆောင်ကြရာတွင် နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိကြရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသော နည်းပညာများကို လေ့လာကြရန်လိုအပ်ပြီး၊ အထူးသဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီးလူငယ်များနှင့် သက်ဆိုင်သောစာအုပ်စာပေများကို အစဉ်အမြဲဖတ်ရှုလေ့လာမှတ်သားကြရန်လိုကြောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်ဘောင်တန်းဆက်သွယ်ဆောင်ရွက်နေရသည့်အတွက် အခြားသူများထက် ဘာသာစကား၊ နိုင်ငံတကာအတွေ့အကြုံများနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ပိုမိုထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ […]
ITF ASIA 12 & under team final round သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရတင်းနစ်အဖွဲ့အားကြိုဆို
![]()
ITF ASIA 12 & under team final roundသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ပွဲရတင်းနစ်အဖွဲ့အားကြိုဆို ရန်ကုန်၊ စက်တင်ဘာလ(၂၁)ရက်။ ITF asia 12 & under team final round ပြိုင်ပွဲအား (၁၂.၉.၂၀၂၂)ရက်နေ့မှ (၁၇.၉.၂၀၂၂)ရက်နေ့အထိ ကာဇက်စတန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာပြိုင်ပွဲတွင် မြန်မာ- ကာဇက်စတန်ပွဲစဉ်၌ ( ၀:၃ )ဖြင့်လည်းကောင်း၊ မြန်မာ-ပါကစ္စတန် (လက်ရှိချန်ပီယံ) ပွဲစဉ်၌(၂:၁)ဖြင့်လည်းကောင်း၊ မြန်မာ-အီရန်ပွဲစဉ်၌ (၂:၁)ဖြင့်လည်းကောင်း၊ မြန်မာ-ဟောင်ကောင်ပွဲစဉ်၌ (၃:၀) ဖြင့်လည်းကောင်း၊ မြန်မာ-အိန္ဒိယပွဲစဉ်၌(၃:၀)တို့ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ရာ အသင်းလိုက် တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ အောင်ပွဲရ မြန်မာတင်းနစ်အဖွဲ့သည် ယမန်နေ့ည(၈)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ထိန်နှင့် […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၂၀)ရက်။ ၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့ညနေ (၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော် ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ် / နည်းပြများနှင့် ဆုရ အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲစဉ်တွင် စောတာဝေလင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် ဇင်မင်းဟိန်း (ရန်ကုန်တိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ဇင်မင်းဟိန်း (ရန်ကုန်တိုင်း ဒေသကြီး)က အနိုင်ရရှိပြီး ပထမရရှိသွားသည်။ […]
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
![]()
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၁၉)ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရှမ်းပြည်နယ်အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ယနေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တတိယနေရာလုပွဲ ပွဲစဉ်အဖြစ် ဟိုပုံးမြို့နယ်အသင်းနှင့် မောက်မယ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဟိုပုံးမြို့နယ်အသင်းမှ မောက်မယ်မြို့နယ်အသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရရှိသွားကာ ညနေ(၁၅:၀၀)နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဆက်လက်ကျင်းပ
![]()
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဆက်လက်ကျင်းပ ရန်ကုန်၊စက်တင်ဘာလ (၁၉)ရက်။ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉:၀၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စားပွဲတင်တင်းနစ် အားကစားဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့သည်။ ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ အမျိုးသားအသင်းလိုက်နှင့် အမျိုးသမီးအသင်းလိုက် ပွဲစဉ်များ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များ၊ အမျိုးသားနှစ်ယောက်တွဲပွဲစဉ်များ၊ အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းကပထမရရှိ၍လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမရရှိခဲ့ပါသည်။ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များ၌အုပ်စု(၁)တွင် ဟိန်းကိုလှိုင် +မှူးသဇင်(ပဲခူးတိုင်းဒေသကြီး)နှင့် ဇင်မင်းဟိန်း+နန်းဆက်ဝါ(ရန်ကုန်တိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ဇင်မင်းဟိန်း+ နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ အုပ်စု(၂)တွင် မြတ်သူရလင်း+နိုင်နိုင်ဝင်း(ရှမ်းပြည်နယ်)နှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ စက်တင်ဘာ(၁၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် အခက် အခဲများရှိပါက တာဝန်ရှိသူများထံသို့ သတင်းပို့တင်ပြနိုင်ကြောင်းနှင့် အားကစားသမားများကို အာဟာရညီညွတ်မျှတစွာ ချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် တင်းနစ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြုစုပျိုးထောင်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးစေလိုကြောင်းနှင့် အားကစားကွင်း(၁၁)ကွင်းရှိသည့်အတွက် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့၍ အမြဲတမ်းစိမ်းလန်းစိုပြေနေစေရေးနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဒုတိယအကြိမ် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဒုတိယအကြိမ် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဆက်လက်ကျင်းပ
![]()
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဆက်လက်ကျင်းပ ရန်ကုန်၊စက်တင်ဘာလ (၁၈)ရက်။ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက် ( ၉:၀၀ )နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ စားပွဲတင်တင်းနစ် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ အမျိုးသားအသင်းလိုက်နှင့် အမျိုးသမီးအသင်းလိုက် ပွဲစဉ်များ ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ လည်းကောင်း ၊ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ လည်းကောင်း အသီးသီး တက်ရောက်သွားကြသည်။ […]