အားကစားရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့နိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၁၁)နာရီခွဲ တွင် ရန်ကုန်မြို့၊ အင်းလျားကန်တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့နိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ် အမျိုးသမီးအိပ်ဆောင် တည်ဆောက်မည့်မြေနေရာအား အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်မည့်မြေနေရာနှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် တည်ဆောက်လျက်ရှိသည့် အမျိုးသားအိပ်ဆောင်၊ အမျိုးသမီးအိပ်ဆောင်နှင့် စားရိပ်သာ/ […]

ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူးကျင်းပသည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သည့်သတင်း

Loading

ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူးကျင်းပသည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သည့်သတင်း

အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022)၏ ပထမပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်

Loading

အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022)၏ ပထမပတ်လည်ပြိုင်ပွဲသို မြန်မာနိုင်ငံမှ Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် နေပြည်တော်၊ ဩဂုတ် (၅)ရက်။ အာဆီယံဒေသတွင်း လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့ (Addressing Challenges Together : ACT) ဆောင်ပုဒ် ဖြင့် ပထမအကြိမ်ကျင်းပပြုလုပ်သည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ်များသည် Virtual Online စနစ် ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ […]

ဇူလိုင်လ စတုတ္ထပတ်နှင့် ဩဂုတ်လ ပထမပတ်အတွင်း Media များတွင် ဖော်ပြပါရှိသော (ပြည်တွင်း)အားကစားသတင်းများအား စုစည်းကောက်နုတ်ချက် အတွဲ(၈)၊အမှတ်(၁)

Loading

ဇူလိုင်လ စတုတ္ထပတ်နှင့် ဩဂုတ်လ ပထမပတ်အတွင်း Media များတွင် ဖော်ပြပါရှိသော (ပြည်တွင်း)အားကစားသတင်းများအား စုစည်းကောက်နုတ်ချက် အတွဲ(၈)၊အမှတ်(၁)

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ

Loading

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်မသန်စွမ်းရေကူးအားကစားပြိုင်ပွဲတွင် မီတာ (၁၀၀)အလွတ်ကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မြန်မာ့လက်ရွေးစင်မသန်စွမ်းဘောလုံး(အမျိုးသား)အသင်းနှင့် ကမ္ဘောဒီးယားမသန်စွမ်းဘောလုံး(အမျိုးသား)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ ကမ္ဘောဒီးယားအသင်းကို ရလဒ်(၉)ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုအား အသီးသီးထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကြည့်ရှုအားပေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကြည့်ရှုအားပေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှု ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှု ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ် (၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက် (၉:၃၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ISPE (FC) ဘောလုံး(အမျိုးသမီး)အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအားတွေ့ဆုံ၍ ကျန်းမာရေးနှင့်လုံခြုံရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ခန္ဓာကိုယ်ကျန်းမာမှ လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် မိမိတို့၏ အစွမ်းအစများ၊ အရည်အချင်းများကို ဖော်ထုတ်ပြသကစားနိုင်မည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့ဖြင့် ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာဖြင့် တစ်ကိုယ်ကောင်းစိတ်မထားဘဲ […]

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိ

Loading

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အမျိုးသမီး Powerlifting 86kg ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမား မငြိမ်းစန္ဒာအောင်မှ ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Loading

ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၉:၃၀) နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက လူငယ်ရေးရာဦးစီးဌာနနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ဇမ္ဗူသီရိမြို့နယ်တိုက်ကွမ်ဒိုအားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အပြီးတွင် […]

ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

ဒက္ခိဏသီရိမြို့နယ် အထက(၁၈)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ဒက္ခိဏသီရိမြို့နယ် ၊ အထက(၁၈)၌ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၃.၈.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြးရေးမှူး ဦးဝင်းဌေးက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ထို့နောက် တိုက်ကွမ်ဒိုအားကစားနည်းဖြင့်သရုပ်ပြသခဲ့ပါသည်။