အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ်(သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ်(သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းမှစ၍ မွန်ပြည်နယ် (သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ (ဝေါ)မြို့နယ် အားကစားကွင်း/ အားကစားရုံ များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူများ အားကစားကွင်းရုံများ၌ ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးနှင့် စခန်းသွင်း လေ့ကျင့်မည့် အားကစားသမားများ ပြည့်ပြည့်စုံစုံနှင့် အဆင်ပြေချောမွေ့စွာ နေထိုင် လေ့ကျင့်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိုးလုံလေလုံ အားကစားခန်းမ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၁၀) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းမှစ၍ မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ လိုက်ပါလျက် မော်လမြိုင်မြို့ (ရာမည) မိုးလုံလေလုံ အားကစားခန်းမအား ကြည့်ရှုစစ်ဆေး၍ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်မြို့ (ရာမည) အားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းအတွင်း (Synthetic) ပြေးလမ်း ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေး၍ အဆင့်မီ အရည်အသွေး ပြည့်ဝပြီး ရေရှည် အသုံးပြုနိုင်ရေး စနစ်တကျ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ်ရှိ အားကစားကွင်း/ အားကစားရုံများလိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကရင်ပြည်နယ်ရှိ အားကစားကွင်း/ အားကစားရုံများလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး နှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ ပြည်စုံလုံလောက်မှုရှိရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် လိုအပ်သည့် အားကစားကွင်း/အားကစားရုံများ အသစ်ထပ်မံတည်ဆောက် နိုင်ရေးသည် မြန်မာ့အားကစား ဖွံဖြိုးတိုးတက်ရေးအတွက် အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်(၁)နာရီမှစ၍ ကရင်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံအသီးသီးကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးသို့ ရောက်ရှိလာပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အားကစားနှင့် […]
ASIAN GAMES နှင့် SEA GAMES ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ထောက်ပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက်

ASIAN GAMES နှင့် SEA GAMES ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ထောက်ပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ Asian Gameနှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား လစဉ်ထောက်ပံ့ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁) ရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အစီအစဉ်အရ ဒုတိယဝန်ကြီး […]
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ်လှေလှော်ပြိုင်ပွဲနှင့်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ်လှေလှော်ပြိုင်ပွဲနှင့်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၄) ရက်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ် လှေလှော်ပြိုင်ကို ယနေ့နံနက်(၈) နာရီတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။ အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ လှေ(၁)ယောက်လှော် အမျိုးသား မီတာ(၂၀၀) ၊ (၂) ယောက်လှော် အမျိုးသား […]
ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂)နိုင်ငံ ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်မှာကြား

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂)နိုင်ငံ ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်မှာကြား နေပြည်တော်အောက်တိုဘာ(၂၂) ရက်။ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် မြန်မာ၊ တရုတ် (၂)နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးစာလွှာအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၂)နိုင်ငံ ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့ဝင်များအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ video conferencing စနစ်ဖြင့် လမ်းညွှန်မှာကြားခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီခွဲ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး(၁)၊ ယဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး(၂) နှင့် ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ “ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)” ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ “ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)” ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ နိုဝင်ဘာလ(၁) ရက်။ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တက်လာစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သည့် “ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၁)” သင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Multipurpose Hall) ၌ ကိုဗစ်- (၁၉) စည်းကမ်း သတ်မှတ်ချက်နှင့်အညီ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ […]
မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲကျင်းပ မကွေး၊အောက်တိုဘာလ၂၈ရက်။မကွေးတိုင်းဒေသကြီး၊ အားကစား နှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံရိုးရာခြင်းလုံး သင်တန်း ဖွင့်ပွဲအား မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ဘားအံ၊အောက်တိုဘာလ၂၈ရက်။ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို (၂၈.၁၀.၂၀၂၁) ရက်နေ့ ၊ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ဘားအံမြို့ လှာကမြင် အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ရှေ့ဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့်လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ၃ ပွဲပြတ်ဖြင့်အနိုင်ရရှိသွားပါသည်။ ထိုနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ […]
ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံများ တက်ရောက်

ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံများ တက်ရောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘော်လီဘော ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ (23.10.2021)ရက်နေ့၊ နံနက်(08:00)နာရီအချိန်တွင် ဘားအံမြို့ လှာကမြင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ခံ ပြည်နယ်လူမှုရေးရာဝန်ကြီး နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှသင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက် မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။