အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ အောက်တိုဘာ(၂၅)ရက်။အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင် ကြရမည့် အရာထမ်းများအား ပြည်ထောင်စုဝန်ကြီးမှ ဆုံမဩဝါဒ လမ်းညွှန်စကားပြောကြားခြင်း အခမ်းအနားကို ကိုဗစ်-၁၉သတ်မှတ်ချက်များနှင့်အညီ ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင် နှင့်ညွှန်ကြားရေးမှူးများ၊ ရာထူးတိုးအဆင့်ဆင့်တိုးမြှင့်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများ တက်ရောက်ကြပါသည်။ ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဝန်ထမ်းများ တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် […]
(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင်ကျင်းပလျက်ရှိပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်

(၂၅) ကြိမ်မြောက် ASSOCIATION OF NATIONAL OLYMPIC COMMITTEES(ANOC) GENERAL ASSEMBLY အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင်ကျင်းပလျက်ရှိပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင် တက်ရောက် နေပြည်တော်၊အောက်တိုဘာလ ၂၄ရက်။ (၂၅) ကြိမ်မြောက် Association of National Olympic Committees(ANOC) General Assembly အား ဂရိနိုင်ငံ၊ ကရိထ်မြို့တွင် (၂၄.၁၀.၂၀၂၁)နှင့် (၂၅.၁၀.၂၀၂၁) ရက်နေ့တို့တွင် ကျင်းပလျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံ (၂၀၆) နိုင်ငံအပါအဝင် မြန်မာအိုလံပစ်ကော်မတီကိုယ်စားပြုအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် နှင့် MOC ရုံးအဖွဲ့တို့မှ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် […]
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ဘားအံ၊ အောက်တိုဘာလ ၂၆ရက်။ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၆.၁၀.၂၀၂၁) ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီ အချိန်တွင် ဘားအံမြို့ လှာကမြင် အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
(၁၂)ကြိမ်မြောက် အာဆီယံအားကစားအရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး(HEAD OF DELEGATE) ဦးဆောင်၍ တက်ရောက်

(၁၂)ကြိမ်မြောက် အာဆီယံအားကစားအရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (HEAD OF DELEGATE) ဦးဆောင်၍ တက်ရောက် နေပြည်တော်၊ အောက်တိုဘာလ (၂၇)ရက်။ (၁၂)ကြိမ်မြောက် အာဆီယံအားကစားအရာရှိကြီးများ အစည်းအဝေး၊ Senior Officials Meeting on Sports (SOMS-12)၏ Related Meetings များဖြစ်သည့် The 2nd ASEAN Plus Japan Meeting on Women and Sports နှင့် The 4th ASEAN Plus Japan Senior Officials Meeting on Sports ကို ၂၇.၁၀.၂၀၂၁ ရက်နေ့၊ ဒုတိယနေ့အဖြစ် Video Conference ဖြင့် […]
AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖူဆယ်နည်းပြသင်တန်း AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖူဆယ်နည်းပြသင်တန်း တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားခန်းမတွင် ဖွင့်လှစ်

AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖူဆယ်နည်းပြသင်တန်း AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖူဆယ်နည်းပြသင်တန်း တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားခန်းမတွင် ဖွင့်လှစ် တောင်ကြီး၊အောက်တိုဘာ ၂၃ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက် / ရည်မှန်းချက်နှင့်မျှော်မှန်းချက်များအတိုင်း ဖူဆယ်ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားဖြင့်တစ်ဖက်တစ်လမ်းမှနေ၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပြီး အားကစားသမား မျိုးဆက်သစ် (ရွက်ပုန်းသီး) လူငယ်/လူရွယ်များပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့နှင့်ပူးပေါင်းပြီး ” ကိုဗစ် – ၁၉ ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း စိစစ်၍ AFC Futsal Level […]
ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ သင်တန်းအဖွင့် အမှာစကားပြောကြား

ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ သင်တန်းအဖွင့် အမှာစကားပြောကြား ဘားအံ၊ အောက်တိုဘာလ (၉)ရက်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပြည်နယ် ဘော်လီဘောဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ဘော်လီဘောနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (19.10.2021)ရက်နေ့ ၊နံနက်(08:00)နာရီအချိန်တွင် ဘားအံမြို့ လှာကမြင်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ပြည်နယ်လူမှုရေးရာဝန်ကြီး နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား (၂၅)ဦးတက်ရောက်ခဲ့ပါသည်။
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တောင်ကြီးမြို့ ပြည်နယ်အရံ အားကစားကွင်းမြေနေရာ သွားရောက် ကြည့်ရှုစစ်ဆေး

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တောင်ကြီးမြို့ ပြည်နယ်အရံ အားကစားကွင်းမြေနေရာ သွားရောက် ကြည့်ရှုစစ်ဆေး တောင်ကြီး၊ အောက်တိုဘာ ၁ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် မျှော်မှန်းချက်များနှင့်အညီ လူငယ်များသည် နောင်အနာဂတ် တိုင်းပြည်တာဝန်အား ထမ်းဆောင်ကြရမည်ဖြစ်၍ ရေရှည်အနေဖြင့် အားကစားအပိုင်းအား ဆောင်ရွက်နေသော်လည်း လူငယ်များ၏အနာဂတ် ရေရှည်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင် တို့လိုက်ပါလျက် ပြည်နယ်အရံအားကစားကွင်း (ဧက ၂၀) အား မြေနေရာအတည်ပြု သတ်မှတ်ထားသော အမှတ်အသားများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကွင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကွင်းများအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ အောက်တိုဘာလ (၉)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်(၈)နာရီ(၃၀)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အားကစားဝန်ကြီးနှင့် တိုင်းဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ စလင်းအားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ပဒုမ္မာအားကစားကွင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အားကစားကွင်း/အားကစားရုံများတွင် အားကစားဝါသနာရှင် လူငယ်လူရွယ်များ စည်းကမ်းရှိစွာ အခမဲ့ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြေအောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ အားကစားအထောက်အကူပြု ပစ္စည်းများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ […]
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့ရှိ အားကစားကွင်း အသီးသီးတွင် လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှု စစ်ဆေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့ရှိ အားကစားကွင်း အသီးသီးတွင် လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှု စစ်ဆေး ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည်ယနေ့နံနက်(၇)နာရီ(၃၀)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူတို့ လိုက်ပါလျက် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့အားကစားအောင်မြင်မှုရရှိစေရန် နှင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးအတွက် လေ့ကျင့်နေကြသော အားကစားသမားများအား ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟူသော ဆောင်ပုဒ်နှင့်အညီ စခန်းဝင် လေ့ကျင့်နေသော အားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ယခုလို စခန်းဝင်လေ့ကျင့်နေသည့် စိတ်ဓါတ်ကိုချီးကျူးလိုပါကြောင်း၊ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကျိုက္ကဆံအားကစားဝန်းအား(SPORT COMPLEXES) အဖြစ် လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး လာရောက် ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကျိုက္ကဆံအားကစားဝန်းအား(SPORT COMPLEXES)အဖြစ် လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး လာရောက် ကြည့်ရှုစစ်ဆေး အောက်တိုဘာလ၊၈ရက်၊ ရန်ကုန်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အောက်တိုဘာလ၈ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းသို့ ရောက်ရှိလာပြီး မြန်မာ့အားကစားဖွံဖြိုးတိုးတက်စေရေးအတွက် ကျိုက္ကဆံအားကစားဝန်းအား(Sport Complexes)အဖြစ် အားကစားနည်းများ လေ့ကျင့်ဆောင်ရွက်နိင်စေရေးတွက် လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး လာရောက် ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးတို့ လိုက်လံရှင်းလင်း တင်ပြခဲ့ကြပါသည်။