အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ
![]()
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃)။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေ ရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထားဂရုပြုတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် မသန်စွမ်းအားကစားပြိုင်ပွဲ ကို နေပြည်တော်ကောင်စီနယ်မြေ၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ယနေ့နံနက် (၈) နာရီတွင် လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူ များ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ရည်ရွယ်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ရေးဆွဲ၍ အခန်းကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းအားကစားသမားများအတွက် ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် ပြည်ပအားကစားပြိုင်ပွဲများသို့ […]
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
![]()
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ နေပြည်တော်၊ ဒီဇင်ဘာ (၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်းတိုးတက်မြင့်မားစေရေး ရည်ရွယ်၍ “၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲ ”ကို ယနေ့နံနက် (၅:၄၅)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင် စုစုပေါင်းအင်အား(၄၀၀၀)ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြ ပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁) မှ စတင်တာထွက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A)ရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness […]
တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
![]()
တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ(၃)ရက်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ် သဲကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ မိတ္ထီလာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့နယ်တို့တွင် ဒီဇင်ဘာလ(၃)ရက်နေ့ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအသီးသီးမှ အရာထမ်း/အမှူထမ်းများ၊ တက္ကသိုလ်/ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ကာယကြံ့ခိုင်အတွဲ(၁)(၂) ၊ Myanmar Fitness Dance စုပေါင်းလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနား ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနား ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ ညနေ (၃)နာရီတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ စုပေါင်းလမ်းလျှောက်မည့် လျှောက်လမ်းနေရာ၊ Fitness Dance ပြုလုပ် မည့်နေရာနှင့် ဧည့်ခံကျွေးမွေးမည့်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား အသေးစိတ် ထပ်မံပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့အရည်အချင်းစစ်ဆေး
![]()
ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့အရည်အချင်းစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိနှင့် အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ဝဏ္ဏသိဒ္ဓီအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ (၁.၁၂.၂၀၂၂) ရက်တွင်ပြုလုပ်ခဲ့ရာ လာရောက်ဖြေဆိုသူ (၁၃၉)ဦးနှင့် Virtual Online စနစ်ဖြင့်ဖြေဆိုသူ (၁၂)ဦး၊ စုစုပေါင်း (၁၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။ အဆိုပါရေးဖြေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ (၄၄)ဦးအား ယမန်နေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (အပေါ်ထပ်) ၌လည်းကောင်း၊ Virtual Online စနစ်ဖြင့်လည်းကောင်း လူတွေ့အရည်အချင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးနေမှုအား လာရောက်ကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးနေမှုအား လာရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ရာ လာရောက်ဖြေဆိုသူ(၁၃၉)ဦးနှင့် Virtual Online စနစ်ဖြင့် ဖြေဆိုသူ(၁၂)ဦး၊ စုစုပေါင်း(၁၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်စိုးမိုး၊ စီမံ/ဘဏ္ဍာဌာနခွဲ ညွှန်ကြားရေးမှူး ဦးစန်းချိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများအား လူတွေ့အရည်အချင်းစစ်ဆေးခြင်းများကို […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
![]()
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊နိုဝင်ဘာ(၃၀)။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးအောင်သည် ယနေ့မွန်းလွဲ (၁:၃၀)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက်လေ့လာကြည့်ရှုနေစဉ် လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် စစ်ရေးပြလမ်းလျှောက်လေ့ကျင့်နေသည့် အဖွဲ့အား လိုက်လံကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် စစ်ရေးပြလမ်းလျှောက်လေ့ကျင့်နေသည့် အဖွဲ့အား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာ(၃၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Training Center No.(2)တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ စစ်ကြောင်းဖြင့် ချီတက်လမ်းလျှောက် စစ်ရေးပြမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများမှ တပ်ခွဲ(၁)ခွဲ၊ အင်အား(၁၆၅)ဦးတို့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စစ်ရေးပြလမ်းလျှောက် လေ့ကျင့်နေသည့်အဖွဲ့များအတွက် စားသောက်ရေးနှင့်လေ့ကျင့်ရေးတွင် အဆင်ပြေစေရန် အချိုရည်၊ လိမ်းဆေး၊ အားဆေးနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီထောက်ပံ့ဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများကို ပြောကြားခဲ့ပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှ “Stronger Together” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အားကစားသမားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအားကစားသမားများအနေဖြင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများသို့ သွားရောက်မယှဉ်ပြိုင်မီ သိရှိထားသင့်သည့်ကိစ္စရပ်များဖြစ်သော တားမြစ်ဆေးဝါး၊ အားကစားစိတ်ပညာနှင့်စပ်လျဉ်းသော အသိပညာများရရှိလာစေရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားသမားတစ်ဦး၏ အခွင့်အရေးများနှင့် လိုက်နာရမည့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှ ပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှ ပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း