ကာယဆရာ/ဆရာမများ “ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံ” သင်တန်းဖွင့်လှစ်

ကာယဆရာ/ဆရာမများ “ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံ” သင်တန်းဖွင့်လှစ် တောင်ကြီး၊ မတ်လ(၉)ရက်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်ကာယဆရာ၊ဆရာမများ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲကို (၇.၅.၂၀၂၂) ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တောင်ကြီးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်ခဲ့သော ” ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း” တွင် ဘောလုံး ၊ ဘော်လီဘော ၊ ဘတ်စကက်ဘော ၊ စားပွဲတင် တင်းနစ် ၊ ပိုက်ကျော်ခြင်း ၊ ကြက်တောင် ၊ ပြေးခုန်ပစ် အစရှိသည့်အားကစားနည်း(၇)နည်းဖြင့် ပို့ချသွားမှာဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်နယ်အား/ကာ သင်တန်းခန်းမဆောင်၌ ဘောလုံးအားကစားနည်းရဲ့ ပြောင်းလဲခြင်း ဥပဒေသများအကြောင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနခွဲမှ […]
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများ ကျင်းပပြုလုပ်

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကျင်းပပြုလုပ် နေပြည်တော်၊ မေလ (၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းလူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီအားကစား သင်တန်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့မှ “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောကာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။ ယင်းနောက် အ.ထ.က(၁၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက တိုက်ကွမ်ဒိုသရုပ် ပြသခြင်းနှင့် အေရိုးဗစ်အကများဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သင်တန်းသား/ သင်တန်းသူ (၁၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံဂျူဒိုအားကစားသင်တန်းဆင်းပွဲတက်ရောက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံဂျူဒိုအားကစားသင်တန်းဆင်းပွဲတက်ရောက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံဂျူဒိုအားကစားသင်တန်းဆင်းပွဲ တက်ရောက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံဂျူဒိုအားကစားသင်တန်းဆင်းပွဲ တက်ရောက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ရန်ကုန်၊ မေလ (၇)ရက်။ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံဂျူဒိုအားကစား သင်တန်းဆင်းပွဲအား ယနေ့နံနက်(၉)နာရီအချိန်တွင် ဦးဝိစာရလမ်း အမျိုးသားရေကူး ကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ရုံး၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဆပ်ကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌဦးထွန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဂျူဒို ဆပ်ကော်မတီဥက္ကဌဦးမင်းဇော်ထွန်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် နည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ က သင်တန်းဆင်း အမှာစကားပြောကြားရာတွင်နွေရာသီကျောင်းပိတ်ရက်မှာ လူငယ်မောင်/မယ်များအနေနှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင် တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဆင်းပွဲအခမ်းအနားသို့တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင် တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဆင်းပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ မေလ (၆) ရက်။ ဝန်ထမ်းများ ရုံးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး ပင်မလုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သော လူငယ်ရေးရာဦးစီးဌာန၏ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် […]
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကျင်းပ နေပြည်တော်၊ မေလ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းလူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ (၃.၅.၂၀၂၂) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်နှင့် (၄.၅.၂၀၂၂) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ YGW ပရဟိတဂေဟာ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့် ဒုတိ ယ ညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့မှ “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ရာ သင်တန်းသား/သင်တန်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် တောင်ကြီး၊ မေလ (၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ကြီးမှူးဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံ အားကစားသင်တန်းများကို ၂၀.၃.၂၀၂၂ ရက်နေ့မှ ၂.၅.၂၀၂၂ ရက်နေ့အထိ အားကစားနည်း (၁၉)နည်း၊ သင်တန်း သား/သင်တန်းသူ စု စုပေါင်း (၁၃၀၀)ဦး တက်ရောက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ(၃:၀၀)အချိန်၊တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက အားကစားအဖွဲ့များအား တစ်ဖွဲ့ချင်းချစ်ခင်ရင်းနှီးစွာဖြင့် လိုက်လံနှုတ်ဆက်ကာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူ များသို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့်သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်း ဝူရှူး၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက် ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက် ကြည့်ရှုအားပေး နေပြည်တော်၊ မေလ (၃) ရက်။ မြန်မာနိုင်ငံမြားပစ်အားကစားအဖွဲ့ချုပ်အနေဖြင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန် ရည်ရွယ်၍ မြားပစ်အားကစားသမားများအား ပြိုင်ပွဲအကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈:၃၀)နာရီအချိန်တွင် နေပြည်တော် မြားပစ်အားကစားပြိုင်ကွင်း၌ အမျိုးသား၊ အမျိုးသမီး Recurve/ Compound ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပနေမှုများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြားပစ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတောက်ထွန်းနှင့်တာဝန်ရှိသူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်ပြီး ယနေ့ နံနက်ပိုင်းပွဲစဉ်များအဖြစ် အမျိုးသား၊ […]
၂၀၂၂ ခုနှစ်၊ နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ဗွီဒီယိုသတင်း
၂၀၂၂ ခုနှစ်၊ နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ဗွီဒီယိုသတင်း
၂၀၂၂ ခုနှစ် ၊ နွေရာသီ အားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် ၊ နွေရာသီ အားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မေလ (၁) ရက်နေ့။ ၂၀၂၂ ခုနှစ် ၊ နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်(၁၃:၀၀) နာရီ အချိန်၌ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ […]