အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြိုနယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသတင်း

Loading

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌဖလား မြိုနယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသတင်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

နေပြည်တော်၊ ဇွန် (၁၂)ရက်။  နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ဇွန်လ(၈)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ရှေးဦးစွာ (၃)ဦးတွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။  ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ (၂)ဦးတွဲအသင်းလိုက်တတိယဆု ရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးမှ လည်းကောင်း၊ (၂)ဦးတွဲအသင်းလိုက် ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် မှလည်းကောင်း၊ (၂)ဦးတွဲ ပထမဆုရရှိသည့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေး

Loading

နေပြည်တော်၊ ဇွန် (၁၂)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ တတိယ‌နေ့ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီတွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ပါသည်။ ယနေ့ နံနက်ပိုင်း ပွဲစဉ်များအဖြစ် အမျိုးသမီး (၄)ပေါက်တန်း ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ရမှတ် (၄၅၃)မှတ်၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ ရမှတ် […]

၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

နေပြည်တော်၊ ဇွန် (၁၁)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ပြည်နယ်/တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက် လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ယနေ့ နံနက်ပိုင်း ပွဲစဉ်များအဖြစ် အမျိုးသား(၆)ပေါက်တန်း အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၁၂၉၆)မှတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ (၉၂၅)မှတ်၊ ကရင်ပြည်နယ်အသင်းမှ (၅၈၈)မှတ်၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ (၅၄၃)မှတ်၊ ရှမ်းပြည်နယ်အသင်းမှ (၅၉၅)မှတ်၊ မွန်ပြည်နယ်အသင်းမှ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

နေပြည်တော်၊ ဇွန် (၁၀)ရက်။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင် ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒေါက်တာ ဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးအောင်မြိုင်နှင့် ဦးမျိုးလှိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်သည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်သည့်သတင်း

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယအကြိမ် ညီလာခံတက်ရောက်

Loading

နေပြည်တော်၊ ဇွန်(၁၀)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် (၄၃)ကြိမ်မြောက် ဒုတိယအကြိမ်ညီလာခံကို ယနေ့ ညနေ(၅)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multi-purpose Hall) ၌ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ရိုးရာခြင်းလုံးအားကစားနည်းသည် မြန်မာတို့၏ ကိုယ်ပိုင်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရိုးရာအားကစားနည်းများကို ဖော်ထုတ်ပြီး နိုင်ငံတကာသို့ ထိုးဖောက်ရန်ကြိုးစားလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးသမိုင်းကြောင်းများ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများနှင့် အားကစား သမားများ လိုက်နာရမည့် Rules and Regulations များကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် စနစ်တကျ ပြုစုထားရန်လိုကြောင်းနှင့် […]

ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

Loading

နေပြည်တော်၊ဇွန်လ (၉)ရက်။ နောင်လာမည့်အနာဂတ်တွင် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် လူမှူ့ဝန်ထမ်းဦးစီး ဌာန အိမ်တွင်းမှူ့အသက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်း (အ.ထ.က) ခန်းမဆောင်တွင်လည်းကောင်း၊ ကျုံပျော်မြို့နယ်၊အ.ထ.က-၁(ကျုံပျော်) အောင်ဆန်းခန်းမဆောင်တွင်လည်းကောင်း “ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး၊ အားကစားပုံမှန်လှုပ်ရှားပေး” ၊ “ စိတ်ဓါတ်၊စည်းကမ်း၊ပညာ” ၊ “ လူငယ်နှင့်ပညာရေး” ၊ “ လူငယ်နှင့်စာဖတ်ရခြင်းအကျိုးကျေးဇူး” ၊ “ လူငယ်နှင့်အားကစား” ၊ “ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပြောကြားခဲ့ကြပြီး အားကစားဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် EIM […]

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာပြိုင်ပွဲများ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဇွန် (၉) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ အနာဂါတ်သားကောင်းများ အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (အလွတ်တန်း) ဘိလိယက်/စနူကာ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၉)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအားကစားအဖွဲ့ချုပ်မှ နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများမှ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားစီမံကိန်းနှင့်သုတေသန ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ် ရိုးရာခြင်းလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ […]