(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်
![]()
(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ […]
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပ
![]()
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကျင်းပ မန္တလေး ဇန်နဝါရီ ၂၈ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်မှ ကျင်းပပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၃၀၀၀ဝ ခန့် တက်ရောက်ကြသည်။ လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်၊ အမျိုး၊ ဘာသာ၊ […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇန်နဝါရီလ(၂၈)ရက်။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course Level 1 (ဖူဆယ်နည်းပြဆရာသင်တန်း)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ (၁၆:၀၀) အချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအား သွားရောက်လှူဒါန်းခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု (သီလရှင်)ကျောင်းသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးအပ်လှူဒါန်းလိုက်သော မြဝတီစာပေတိုက်မှထုတ်ဝေသည့် စာအုပ်၊ စာဆောင်များအား ကိုယ်စားလှူဒါန်းခဲ့ပြီး လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများအားဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် သုတဥယျာဉ် စာကြည့်တိုက်အတွင်းရှိ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ် စာပေများ ထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် […]
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရွေးစင်ရေကူးအားကစားသမားများအား အပြီးသတ်လူရွေးချယ်ပွဲကျင်းပ
![]()
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရွေးစင်ရေကူးအားကစားသမားများအား အပြီးသတ်လူရွေးချယ်ပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၈)။ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရေကူးအားကစားနည်းမှ အားကစားသမားများအား အပြီးသတ်လူရွေးချယ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံရေးကူး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါလူရွေးချယ်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းမီတာ(၂၀၀)လေးမျိုးကူးပြိုင်ပွဲ၊ မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၁၀၀)ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀)ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲများတွင်ရေကူးအားကစားသမား စုစုပေါင်း(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်၍ အရွေးချယ်ခံခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် Essay and Presentation ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် Essay and Presentation ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၂၇)။ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်တက်လာစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးရုံးခန်း၌ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် Essay and Presentation ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အရာထမ်း/အမှုထမ်းများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။ အခမ်းအနား၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်ထောင်စု” ဟူသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စုစည်းပြီး စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သော စကားစုဖြစ်ပါကြောင်း၊ ပြည်မနှင့်တောင်တန်းဒေသပြည်နယ်များ ပူးပေါင်းရေး သဘောတူညီချက်ကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( December/2022)
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( December/2022)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( November/2022)
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( November/2022)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( October/2022)
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( October/2022)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( September/2022)
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်ထုတ် သတင်းလွှာ ( September/2022)