၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၄)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ(၃:၃၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ် (၁)၌ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ ရှမ်းပြည်နယ်အသင်းကို ရလဒ် (၂)ဂိုး(၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို ရလဒ် (၅)ဂိုး(၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။ (၂၅.၇.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃:၃၀)နာရီ […]
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၂၄)ရက်။ ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရေးအတွက် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအသင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းကို […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးရှိ အားကစားဥယျာဉ်စီမံကိန်း တည်ဆောက်နေမှုနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးရှိ အားကစားဥယျာဉ်စီမံကိန်း တည်ဆောက်နေမှုနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင်(၂၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈)နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်စီမံကိန်းရှိ မိုးလုံလေလုံအားကစားရုံ၊ အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် အရှေ့ဘက် ရိုးရိုးပွဲကြည့်စင် တည်ဆောက်မည့်နေရာ၌ မြေသန့် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်ရိုက်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တိုင်းရုံးအနောက်ဘက်ရှိ မိုးလုံလေလုံအားကစားရုံတွင် လေ့ကျင့်လျက်ရှိသော စားပွဲတင်တင်းနစ် အားကစားသမားများနှင့် ဘတ်စကက်ဘော အားကစားသမားများ၏ […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားအဖွဲ့ချုပ်များနှင့် အား/ကာ(သိပ္ပံ)ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားအဖွဲ့ချုပ်များနှင့် အား/ကာ(သိပ္ပံ) ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား ရန်ကုန်၊ ဇူလိုင်(၂၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၇)နာရီအချိန်က ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိရာ အားကစားသမားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား၍ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမျိုးသား/အမျိုးသမီးအိပ်ဆောင်များရှိ AirCon များအား ကောင်းမွန်စေရန် စစ်ဆေးဆောင်ရွက်ပေးရန်နှင့် (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ နံနက်စာစားသုံးနေမှုအားကြည့်ရှုပြီး အမျိုးသား/အမျိုးသမီးအိပ်ဆောင်များရှိ မျက်နှာချပ်များပျက်စီးနေမှု၊ ပြေးခုန်ပစ်အားကစားသမားများ၊ မျက်မမြင်ဂိုးဘောအားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီးနောက် GYM အားကစားခန်းမတွင် လေ့ကျင့်နေသော […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)နှင့် ပြည်နယ် တာဝန်ခံဝန်ထမ်းများအား လမ်းညွှန်အမှာစကားပြောကြား

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)နှင့် ပြည်နယ် တာဝန်ခံဝန်ထမ်းများအား လမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင်(၂၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် မွန်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် (၈)နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မန္တလေးရပ်ကွက်၊ ရေကူးကန်ဆောက်လုပ်မည့် မြေနေရာအားလည်းကောင်း၊ မွန်ပြည်နယ် ကျောင်းသားအားကစားကွင်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း၊ အားကစားသမားများ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၃)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ(၃:၃၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ (၂၂.၇.၂၀၂၂) ရက်နေ့ ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ် (၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဂိုး၊ ဂိုး(မရှိ) ဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၃)၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၁)ဂိုးစီဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။ […]
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင် (၂၃)ရက်။ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့်အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ (၂၂.၇.၂၀၂၂) ရက်နေ့ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်း ကောင်း၊ နေပြည်တော်စည်ပင်အသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ နေပြည်ကောင်စီအသင်းက ပညာရေးဝန်ကြီးဌာန […]
ဇူလိုင်လ ဒုတိယပတ်နှင့် တတိယပတ်အတွင်း Media များတွင် ဖော်ပြပါရှိသော (ပြည်တွင်း) အားကစားသတင်းများအား စုစည်းကောက်နုတ်ချက် အတွဲ(၇)၊ အမှတ်(၂)
ဇူလိုင်လ ဒုတိယပတ်နှင့် တတိယပတ်အတွင်း Media များတွင် ဖော်ပြပါရှိသော (ပြည်တွင်း) အားကစားသတင်းများအား စုစည်းကောက်နုတ်ချက် အတွဲ(၇)၊ အမှတ်(၂)
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ အားကစားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ အားကစားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် (၂၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၁၀:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ရောက်ရှိခဲ့ရာ ပွဲကြည့်စင်နှင့်မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးလုံလေလုံ အားကစားရုံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ခိုငှက်များမဝင်ရောက်စေရေးအတွက် ခိုငှက်များ ဝင်ရောက်နိုင်သည့် အပေါက်များကို သံဇကာများဖြင့်ကာရံထားရန်၊ အားကစားလေ့ကျင့်ရာတွင် လေဝင်လေထွက် ကောင်းမွန်စေရေးနှင့် အလင်းရောင်ရရှိစေရေးတို့အတွက် အားကစားရုံများအတွင်း Ventilator များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ အားကစားကွင်းပတ်ဝန်းကျင်ရှိ မြက်များ၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရန်၊ အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အသက်မွေးဝမ်းကျောင်းနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အသက်မွေးဝမ်းကျောင်းနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း