အိမ်မဲမြို့နယ် အလက(ခွဲ)လက်ပံကုန်းကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

အိမ်မဲမြို့နယ် အလက(ခွဲ)လက်ပံကုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်(၁၁)နာရီက အိမ်မဲမြို့နယ်ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စုအလက(ခွဲ)လက်ပံကုန်းကျောင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင်အလက(ခွဲ)လက်ပံကုန်းကျောင်းအုပ်ဆရာမကြီး (တာဝန်ခံ) ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစားခေါင်းစဉ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေထွန်းက ကလေးသူငယ်အခွင့်အရေးခေါင်းစဥ်၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သည့်အစားအစာများ၊ ကုန်ညွှန်းအမှတ် အသားခေါင်းစဥ်များဖြင့်အသီးသီးဟောပြောခဲ့ကြကြောင်းသိရသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးကျောင်းသားကျောင်းသူများစာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ပြီး လူကုန်ကူးမှု […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၅)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ(၃) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် လေ့ကျင့်ရေးကွင်းအမှတ်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၅)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ပွဲစဉ်များကို ယနေ့နံနက်(၁၀:၀၀)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ နံနက်ပိုင်းတွင် ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် အမျိုးသား(-၇၃)ကီလိုတန်း၊ (-၈၁)ကီလိုတန်း၊ (-၉၀)ကီလိုတန်း၊ (+၉၀)ကီလိုတန်းပြိုင်ပွဲများ၊ အမျိုးသမီး (-၆၃)ကီလိုတန်း၊(-၇၀)ကီလိုတန်း၊ (+၇၀)ကီလိုတန်းပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား (-၄၀)ကီလိုတန်းပြိုင်ပွဲ တွင် ပထမ […]
လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၅)ရက်။ ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် “ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား” ကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန(ဝန်ကြီးရုံး)မှ လက်ထောက်အတွင်းဝန်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည့် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ရုပ်သံမှတ်တမ်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံ ကြားတို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည့် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်ရုပ်သံမှတ်တမ်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၄)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁၂)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ တတိယနေ့ပွဲစဉ်များအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ (၁၃.၈.၂၀၂၂)ရက်နေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၄၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်မင်းမြတ်ဦး၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ ဂျူနီယာခေါင်လွမ်း၊တတိယဆုကို ရှမ်းပြည်နယ်အသင်းမှ မောင်ဉာဏ်လင်းထက်နှင့် ပူးတွဲတတိယဆု ကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ […]
၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၄)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းမှ ပညာရေးဝန်ကြီးဌာန အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။ (၁၅.၈.၂၀၂၂)ရက်နေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် မွန်းလွဲ(၃)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ မြန်မာ့လက်ရွေးစင် အားကစားသမားများအား ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test)ပြုလုပ်နေမှုများကို ကြည့်ရှုအားပေး

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ မြန်မာ့လက်ရွေးစင် အားကစားသမားများအား ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test)ပြုလုပ်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်(၁၃)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်း (၆)နည်းမှ မြန်မာ့လက်ရွေးစင် အားကစားသမား (၁၁၇)ဦးတို့အား ယနေ့ နံနက် (၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test) ပြုလုပ်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့်အတူ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားထားသည့်အတိုင်း မဆုတ်မနစ်သော စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း