နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (ခွဲ)ဗိုလ်ရွေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ)ဗိုလ်ရွေးကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် (၁၁)ရက်။ လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၉:၃၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ)ဗိုလ်ရွေးကျောင်းရှိ စုပေါင်းခန်းမ၌ “ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနား” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဥတ္တရခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှသန္တာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက “ လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ဥတ္တရသီရိမြို့နယ် အေရိုးဗစ်အားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်လွင်မှ […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၁)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးခွန်ဂျာအောင်၊ ဦးရဲလွင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာကြံ့ခိုင်ပြီးထူးချွန်ထက်မြက်သော မျိုးဆက်သစ်ဂျူဒိုအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် Covid-19 စည်းမျဉ်း/စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ […]
လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်းနှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကျင်းပ

လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်းနှင့် ဌာနခွဲများရှိ အရာထမ်း/အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကျင်းပ နေပြည်တော် သြဂုတ်လ (၁၀)ရက် နပှညေတြောြ၊ ဝဏျဏသိဒျဓိအားကစားကှငြးရှိ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန၊ လူငယရြေးရာဦးစီးဌာန အစညြးအဝေးခနြးမ၌ လူငယရြေးရာဦးစီးဌာန၊ ညှှနကြှားရေးမှူးခွုပြ၊ ဦးနဝငြေးနှင့ြ ဌာနခှဲမွားရှိ အရာထမြး/အမှုထမြးမွား၏ ဆနျဒဖောထြုတပြှဲ အစညြးအဝေးကို (၁၀.၈.၂၀၂၂)ရကနြေ့ နံနကြ (၁၀း၀၀)နာရီတှငြ ကငွြးပပှုလုပခြဲ့ပါသညြ၊၊ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဌာနခွဲလိုက် ဝန်ထမ်းများကအခက် အခဲများအား တင်ပြဆွေးနွေးခဲ့ပါသည်၊၊ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က (၄)လပတ် အစည်းအဝေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းများကို ထပ်ဆင့်မှာကြားခဲ့တယ်၊၊ ယနေ့ကျင်းပပြုလုပ်ခဲ့သော ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်၊၊
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဝန်ထမ်းများအနေဖြင့် အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်၍ အားကစားလေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားပြိုင်ပွဲများအား စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ထားရှိပြီး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပျော်ရွှင်စွာဖြင့် နိုင်ငံတော်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ လိုက်နာထမ်းဆောင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ သြဂုတ်လ (၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ညောင်တုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိခဲ့ပြီး ညောင်တုန်းမြို့နယ် ဘောလုံးကွင်း အဝင်လမ်းရှိ သစ်သားမီးတိုင်များအား ကွန်ကရစ်တိုင်များနှင့် အစားထိုး လဲလှယ်တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်၊ အားကစားရုံရှေ့ရှိ အလံတိုင်အား စတီးအလံတိုင်ဖြင့် အစားထိုးတပ်ဆင်သွားရန်၊ အားကစားရုံရှေ့ရှိ စည်းကမ်းချက် Vinyl အား Hollow ဘောင်ဖြင့် သပ်သပ်ရပ်ရပ် ပြန်လည်ပြုလုပ်ပေးသွားရန်နှင့် တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဆက်လက်ထွက်ခွာခဲ့ပြီး အားကစားရုံဘေးရှိ COVID-19 ကာလမှထားရှိသော သံကုတင်များအား ဖယ်ရှားရန်နှင့် ပျက်စီးနေသည့်အုတ်ရေစင်အား စနစ်တကျ […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားအဖွဲ့အား သောင်းသောင်းဖျဖျကြိုဆိုသည့်သတင်း

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားအဖွဲ့အား သောင်းသောင်းဖျဖျကြိုဆိုသည့်သတင်း
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆို

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆို ရန်ကုန်၊ ဩဂုတ်လ(၈) ရက်နေ့။ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဆိုလိုမြို့၌ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင်ရွှေတံဆိပ် (၁၄) ခု၊ ငွေတံဆိပ်(၁၂) ခု၊ ကြေးတံဆိပ်(၁၇) ခု၊ နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု အောင်ပွဲရမြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုး ခေါင်းဆောင်သောအားကစားအဖွဲ့သည် ယနေ့နံနက်၅နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်းစင်းလုံးငှားလေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားသမားများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်နှင့်တာ၀န်ရှိသူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည်(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခု၊ မသန်စွမ်းဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု၊ အလေးမအားကစားနည်းမှ […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့နိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၁၁)နာရီခွဲ တွင် ရန်ကုန်မြို့၊ အင်းလျားကန်တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့နိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ် အမျိုးသမီးအိပ်ဆောင် တည်ဆောက်မည့်မြေနေရာအား အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်မည့်မြေနေရာနှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် တည်ဆောက်လျက်ရှိသည့် အမျိုးသားအိပ်ဆောင်၊ အမျိုးသမီးအိပ်ဆောင်နှင့် စားရိပ်သာ/ […]
ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူးကျင်းပသည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သည့်သတင်း

ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူးကျင်းပသည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သည့်သတင်း
အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022)၏ ပထမပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်

အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022)၏ ပထမပတ်လည်ပြိုင်ပွဲသို မြန်မာနိုင်ငံမှ Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် နေပြည်တော်၊ ဩဂုတ် (၅)ရက်။ အာဆီယံဒေသတွင်း လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့ (Addressing Challenges Together : ACT) ဆောင်ပုဒ် ဖြင့် ပထမအကြိမ်ကျင်းပပြုလုပ်သည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ပထမပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ်များသည် Virtual Online စနစ် ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ […]