(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ မတ် (၂၉)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအနက်မှ ဝူရှုး၊ ပြေးခုန်ပစ်၊ […]
အသက်(၆၀)နှစ်နှင့်အထက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်းများအားတွေ့ဆုံပွဲနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းကျင်းပ
![]()
အသက်(၆၀)နှစ်နှင့်အထက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်းများအားတွေ့ဆုံပွဲနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းကျင်းပ တောင်ကြီး၊ မတ်လ(၂၂)ရက်။ ရှမ်းပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ခဲ့သောအသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား တွေ့ဆုံဂုဏ်ပြုချီးမြှင့်ခြင်းကို မတ်(၂၂)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။ အခမ်းအနားတွင်အသက်(၆၀)နှစ်နှင့်အထက်အားကစားသမားဟောင်းများမှအားကစားနည်းအလိုက်မိတ်ဆက်ကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးကရှမ်းပြည်နယ်ကိုယ်စားပြုပြီးရှမ်းပြည်နယ် ၏ဂုဏ်သိက္ခာနှင့်အောင်မြင်မှုအတွက်အားကစားပြိုင်ပွဲတွင်လူအားဖြင့်လည်းကောင်း၊ငွေအားဖြင့်သော်လည်းကောင်း၊ဝီရိယများနှင့်စိုက်ထုတ်အရင်းအနှီးပြုကာအစွမ်းကုန်ကြိုးစားကစားပေးကြသည့်အတွက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်း(၁)ဦးချင်းစီကိုအသိအမှတ်ဂုဏ်ပြုပါကြောင်း၊ မိမိကျွမ်းကျင်သည့်အားကစားနည်းများအလိုက်နည်းစနစ်ပိုင်းဆိုင်ရာများ၌သော်လည်းကောင်း၊ မိမိတို့သက်တမ်းတစ်လျှောက်ကြိုးစားခဲ့ရသည့် အားကစားနှင့်ပတ်သက်သည့် အသိဥာဏ်၊ ဗဟုသုတနှင့် အတွေ့အကြုံများကို နောင်လာ နောင်သားအားကစားသမားလူတော်လူကောင်းများသို့ လက်ဆင့်ကမ်းအမွေပေးဝေ၍သော်လည်းကောင်း၊ မိမိတို့နီးစပ်ရာမိးသားစု၊ အသိုင်းအဝိုင်းနှင့်ပတ်ဝန်းကျင်ရှိလူငယ်လူရွယ်များကို ကိုယ်တိုင်တွေ့ကြုံခံစားလာရသည့် အားကစားကိုလေ့လာလိုက်စားခြင်း၏အကျိုးကျေးဇူးများကိုမျှဝေပေး၍အားကစားကိုပါဝင်ဆောင်ရွက်နိုင်ကြရန်ဝိုင်းဝန်းတိုက်တွန်းအားပေးစေလိုကြောင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အားကစားသမားဟောင်း(၁၉၅)ဦးအတွက် တစ်ဦးလျှင်ငွေ(၁၀၀၀၀၀)ကျပ်နှုန်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အားကစားနည်းအလိုက် အသက်(၆၀)နှစ်နှင့်အထက် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားဟောင်းများဖြစ်သည့်ဘောလုံး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ အလေးမ၊ တင်းနစ်စားပွဲတင်တင်းနစ်၊ စက်ဘီးရိုး၊ ရာခြင်း၊စစ်တုရင်ဘော်လီဘော၊ ကြက်တောင်အားကစားနည်းများအားပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ပြည်နယ်ဝန်များ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကအသီးသီးချီးမြှင့်ပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားများကိုယ်စားတစ်ဦးမှ ဝမ်းသာပီတ်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်ကအားကစားသမားဟောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားကစားအဖွဲ့များမှ ဖျော်ဖြေတင်ဆက်သရုပ်ပြသခဲ့ကြောင်းသိရှိရသည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပသည့်သတင်း
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပသည့်သတင်း
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပ နေပြည်တော်၊ မတ်(၂၂)။ ၂၀၂၃ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် လက်ရည်စမ်း(လက်ဝှေ့)ပြိုင်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ လက်ရည်စမ်း(လက်ဝှေ့)ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသားပွဲစဉ်များအဖြစ် (၅၁/၅၄)ကီလိုတန်း၊ (၅၇/၆၀)ကီလိုတန်း၊ (၆၃.၅)ကီလိုတန်း၊ (၆၇/၈၀)ကီလိုတန်း ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီးပွဲစဉ်တွင် (၅၄/၅၇) ကီလိုတန်းတို့တွင် အားကစားသမား(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတဆင့် အားကစား သမားများ၏ စွမ်းရည်ပေါ်မူတည်၍ လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ […]
အားကစားစိတ်ဓာတ်အကြောင်း သိကောင်းစရာ
![]()
အားကစားစိတ်ဓာတ်အကြောင်း သိကောင်းစရာ
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မတ်လ(၂၀)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် နည်းပြသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ နာယကဒေါ်နီ၊ ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးထင်လင်းပြည့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ကြသည်။ ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ပေးကာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ အဆိုပါသင်တန်းကို ကာကွယ်ရေးဝန်ကြီးဌာနမှ(၁၀)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး၊ အခြေခံပညာဦးစီးဌာနမှ (၁၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး မတ်လ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ မတ်(၂၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန်၊ ရုံးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းကို တက်ရောက်ခြင်းဖြင့် ရုံးလုပ်ငန်းများအား ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ ရုံးစာများ ရေရှည်ထိန်းသိမ်းခြင်းများကို စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဆက်စပ်ပညာရပ်များကိုလည်း နားလည်တတ်ကျွမ်းထားရန်လိုကြောင်း၊ Information and Communications Technology (ICT) ခေတ်ဖြစ်သည့်အတွက် ကွန်ပျူတာနည်းပညာကို မဖြစ်မနေ သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ […]
နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
![]()
နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၁၇)ရက်။ မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ ရေကူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရ ခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန်ရည်ရွယ်၍ […]
ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်းမြေနေရာ ငှားရမ်းခြင်းလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
![]()
ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်းမြေနေရာ ငှားရမ်းခြင်းလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း