အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေး
၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

တောင်ကြီး၊ဇွန်လ(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်များရဲ့ အကြိုဗိုလ်လုပွဲပြိုင်ပွဲများကို ၂၈.၆.၂၀၂၂ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဆက်လက်ယှဥ်ပြိုင်ကစားလျက်ရှိရာ ယနေ့ ယှဥ်ပြိုင်ကစားလျက်ရှိသော အမျိုးသားပွဲစဥ်ဖြစ်သော ရှမ်းပြည်နယ်အသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်နေ့။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ” ၂၀၂၂/၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိအပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားကွင်း၌ကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်မှ ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ယနေ့ပထမနေ့ပွဲစဉ်များအဖြစ် 10m Air Rifle အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် မကေဇင်ဝါဝါကို (ရန်ကုန်တိုင်းဒေသကြီး)၊ မသွယ်သွယ်ဝင်း (ဧရာဝတီတိုင်းဒေသကြီး)၊ မတင်ဇာလင်း (မန္တလေးတိုင်းဒေသကြီး)၊ မမြတ်ဆုမွန်စံ (ရှမ်းပြည်နယ်)၊ မတင်ထိပ်ထား (မန္တလေးတိုင်းဒေသကြီး)၊ မဆုလတ်ပြည့် (ရန်ကုန်တိုင်းဒေသကြီး)၊ မခင်ရတနာကျော် (ဧရာဝတီတိုင်းဒေသကြီး) ၊ မမျိုးသိင်္ဂီကျော် (ရှမ်းပြည်နယ်)၊ မသန်းသန်းစိုး (တနင်္သာရီတိုင်း ဒေသကြီး)၊ မခက်ခက်တုံ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်(၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၈:၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ သွားရောက်၍ GYM အားကစားခန်းမ၊ စားပွဲ တင်တင်းနစ် အားကစားခန်းမနှင့် တင်းနစ်အားကစားကွင်း တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမများ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများ အားကစားကို စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်စေရေးအတွက် သန့်ရှင်းရေး အမြဲတမ်း ပြုလုပ်ဆောင်ရွက်ထားကြရန်နှင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီ မိုးလုံလေလုံအားကစားခန်းမနှင့် သာယာဝတီခရိုင် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ် များ အဆင်ပြေစေရေး ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း၊ ပြေးလမ်းတွင် သဲခင်းရန်နှင့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ (GYM) နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ (GYM) နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်(၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈:၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အားကစားကွင်းသို့ ရောက်ရှိပြီး ပွဲကြည့်စင်နှင့်မိုးလုံလေလုံအားကစားရုံအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံ အတွင်း ခိုငှက်များ မဝင်စေရန်အတွက် ခိုငှက်များ ဝင်ရောက်နိုင်သည့် အပေါက်များကို သံဇကာများဖြင့် ပိတ်ထားရန်လိုအပ်ကြောင်း၊ အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ရောက်ရှိပြီး တောင်ငူ အားကစားခန်းမအသစ်အား ကြည့်ရှုစစ်ဆေးခဲ့ရာ ခန်းမအတွင်း ရေမတင်စေရန်နှင့် တန်ဖိုးကြီးသည့်အတွက် ရေရှည်တည်တံ့စေရေးနှင့် မပျက်စီးစေရန်အတွက် စနစ်တကျ သေချာထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း၊ ဆက်လက်ပြီး တောင်ငူမြို့နယ်အားကစားကွင်းနှင့် မိုးလုံ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ (GYM) နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ (GYM) နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်း များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ GYM နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံမှ GYM နည်းပြ Mr.Mitsuru Inoue နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇွန် -(၂၃) နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဇွန်လ(၁၄)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။ ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ် အသင်းက(၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ လိုက်လံကြည့်ရှုအားပေးခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ လိုက်လံကြည့်ရှုအားပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇွန်(၂၃)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ယနေ့နံနက်(၇:၀၀) နာရီအချိန်မှစ၍ အိုလံပစ်နေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများဖြစ်သော အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ (၈၀၀)၊ အလျားခုန်၊ သံလုံးပစ်၊ လက်ဆင့်ကမ်းမီတာ (၁၀၀x၄) နှင့် အမျိုးသား/အမျိုးသမီး(Mix) လက်ဆင့်ကမ်းမီတာ(၁၀၀x၄) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အားက စားသမားများ၏ ကြိုးစားယှဉ်ပြိုင်ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားအား […]