အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း နေပြည်တော်၊ အောက်တိုဘာလ(၁၇)ရက်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ အားကစားကွင်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က ဇွဲကပင် အားကစားကွင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း နေပြည်တော်၊ အောက်တိုဘာ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လူငယ်များ သိရှိနားလည်စေရန်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းစုနှင့်အေးမေတ္တာစံ လူငယ်ပရဟိတဂေဟာများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒုတိယအကြိမ် လေ့လာရေးခရီးစဉ် ဆောင်ရွက်သည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုလေ့လာရေးခရီးစဉ်တွင် အားကစားလေ့လာရေးအစီအစဉ်များသာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ မတိမ်ကော မပပျောက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ” ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” များကိုပါ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများလည်းပါရှိသဖြင့် […]

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း နေပြည်တော်၊ အောက်တိုဘာ(၁၅)။  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ယနေ့နံနက် (၉:၃၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)သို့ ရောက်ရှိပြီး အုပ်ချုပ်မှုရုံးအစည်းအဝေးခန်းမ၌ အရာထမ်း/အမှုထမ်းများ၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍လာမည့် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦးအထက်အောက် အပြန်အလှန်လေးလေးစားစား ပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများအတိုင်း သွားလာနေထိုင်၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ပျော်ပျော်ရွှင်ရွှင်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်မရွေးတင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် တာဝန်ရှိသူများနှင့်အတူ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ လူငယ်ရေးရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးနေဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရန်သာမက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်စေရန်၊ Basic English Speaking အား အခြေခံအဆင့် တတ်ကျွမ်းစေရန်၊ သင်တန်းတက်ရောက်လာသည့် ဝန်ထမ်းများ အချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်မှု တိုးပွားလာစေရန်၊ အင်္ဂလိပ်ဘာသာစကား ပြောကြားရာတွင် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန်နှင့် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်(၇)ရပ်တွင် ပါရှိသည့် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်လာနိုင်စေရန်၊ လုပ်ငန်းစဉ် (၁၀)ရပ် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၅)ဦးတို့အား ယနေ့ နံနက် (၁၁:၀၀)နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က မြန်မာ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ကောင်းမွန်သောရလဒ်များ ရရှိခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် […]

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက်

Loading

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတက်ရောက် မကွေး၊ အောက်တိုဘာ ၁၂။ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်၍ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ်အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရေနံချောင်းမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့သည်။ […]

၂၀၂၂ခုနှစ်၊အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၂ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၁၂)ရက်။                    ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းကို နိုင်ငံတော်ရဲ့ဦးတည်ချက် တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ အမျိုးသားရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထုကျန်းမာကြံ့ခိုင်ပြီး စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စု ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းနှင့်အမှုဆောင် များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ သင်တန်းနည်းပြဆရာများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး […]

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ် ပဲခူး၊ အောက်တိုဘာ ၁၀ ၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းက ပဲခူးခရိုင်အားကစားကွင်း၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ သာယာဝတီခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ဗိုလ်လုပွဲစဥ်အဖြစ်ယှဥ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြရာ သာယာဝတီခရိုင်အသင်းမှ (၁ : ၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုနှင့် အကောင်းဆုံးဘောလုံးသမားဆုရရှိသူများအား အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၁)သိန်းစီအားလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ညောင်လေးပင်ခရိုင်အသင်းနှင့် နတ်တလင်းခရိုင်အသင်းတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှ […]

၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ အောက်တိုဘာ ၈ ရက်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ (ကြက်တောင် ၊ စားပွဲတင်တင်းနစ် ၊ ဘတ်စကက်ဘော ၊ ဘိလိယက်/စနူကာ)တွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသော ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ […]