ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ
![]()
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023 ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပ ညောင်ရွှေ မေ(၇)။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE(2023)ကလပ်ပေါင်းစုံအမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို မေ(၇)ရက် မွန်းလွဲ(၂)နာရီက ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ဘော်လီဘောအားကစားရုံ၌ ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယခုလိုကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအားကစားနည်းကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အဖွဲ့လိုက် ကစားရသည့် ကစားနည်းဖြစ်သောကြောင့် အချင်းချင်းစည်းလုံးသီညွတ်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ Shan State Volleyball Leagueတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ပြီး […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (အမျိုးသားနှစ်ယောက်တွဲ-အပြ)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့်သတင်း
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (အမျိုးသားနှစ်ယောက်တွဲ-အပြ)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့်သတင်း
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
![]()
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု(၇.၅.၂၀၂၃)
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု (၇.၅.၂၀၂၃)
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအ့သည် ယနေ့ နေ့လယ်(၁၄း၁၅)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတိုက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၂)ဦး၊ အမျိုးသမီးအားကစားသမား(၉)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး (၆၀)ကီလို လက်ရည်စစ်ပွဲတွင် မနှင်းနန္ဒာဦးမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဓားအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်းနှင့် မောင်တင်ထူးဇော်တို့မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး ဓားတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ခြင်းလုံးအားကစားပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ ၇။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပလျက်ရှိသည့် ခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသမီး Event 2 ပွဲစဉ်၌ မြန်မာအမျိုးသမီးအသင်းနှင့် လာအိုအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ တောင်ကြီး မေ ၀၆ ။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၅)ရက်၊ ညနေ(၅)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်ရှိ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၅၁/၂၀၂၁)ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် လူငယ်ရေးရာဦးစီးဌာနကို ထပ်မံဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး […]
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ်ဆုဆွတ်ခူးရရှိ
![]()
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ်ဆုဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၆)။ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ ဒေသစံတော်ချိန် နံနက် (၈)နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုဗီနမ်(အမျိုးသမီး)နှစ်ယောက်တွဲအပြ ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာနှင့်ထိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင် တို့အတွဲက ပထမဦးဆုံး(ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ထိုင်းနိုင်ငံက လည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို အင်ဒိုနီးရှားနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့က အသီးသီး ရရှိခဲ့ကြသည်။ ဆက်လက်၍ (အမျိုးသား) လေးယောက်တွဲ-အပြ ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု (၆.၅.၂၀၂၃)
![]()
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှု (၆.၅.၂၀၂၃)