(၂၈.၁၁.၂၀၂၂)ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးသည့်သတင်း

(၂၈.၁၁.၂၀၂၂)ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးသည့်သတင်း နေပြည်တော်၊ နိုဝင်ဘာလ (၂၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများသည် ယနေ့ညနေ(၀၄:၀၀) နာရီမှ (၀၄:၃၀)နာရီအချိန်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ ရုံးရှေ့ မျက်နှာစာတွင် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအား အပတ်စဉ် အစိုးရရုံးဖွင့်ရက်တိုင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ အဓိကတာဝန်ကြီး(၂)ရပ်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးဖြစ်ပါကြောင်း၊ ယခုအခါ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို တိုးချဲ့ ဖွဲ့စည်းခဲ့ချိန်မှစ၍ လူငယ်/လူရွယ်များ၏ […]
၂ဝ၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

၂ဝ၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ ၂ဝ၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၂၈)ရက် ညနေပိုင်းက အားကစားနှင့်ကာယသိပ္ပံ လေ့ကျင့်ရေးကျောင်း(မော်လမြိုင်)ရှိ အားကစားကွင်းတွင် ကျင်းပသည်။ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မသန်စွမ်းပြိုင်ပွဲဝင် အားကစားသမားများ၏ အမျိုးသား ဒူးအောက်တစ်ဖက် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား သူငယ်နာ အကြောတင်း မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ(၁၀၀) လေးဘီးတပ် ဝှီးချဲတွန်းပြိုင်ပွဲ ယှဉ်ပြိုင်မှုများကိုကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ပြိုင်ပွဲဝင်အားကစားသမားများကို ဆုများ […]
(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းငွေ(၉)ခု၊ ကြေး(၃)ခုနှင့် Thailand Traditional Boat and International Swan Boat Race 2022 တွင် ငွေ(၂)ခု၊ ကြေး(၂ )ခု ရရှိပြီး ပြန်လည်ရောက်ရှိ

(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းငွေ(၉)ခု၊ ကြေး(၃)ခုနှင့် Thailand Traditional Boat and International Swan Boat Race 2022 တွင် ငွေ(၂)ခု၊ ကြေး(၂)ခု ရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊နိုဝင်ဘာလ(၂၈)ရက်။ မြန်မာလှေလှော်အားကစားအဖွဲ့သည်ထိုင်းနိုင်ငံ၊ပတ္တရားမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်မှ (၂၂)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက်အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship )ပြိုင်ပွဲတွင် ငွေ(၉)ခု၊ ကြေး(၃)ခုဖြင့်လည်းကောင်း၊ ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022 )တွင် ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့်ပွဲစဉ် (၁၇)ပွဲတွင် (၁၆)ပွဲအနိုင်ရရှိ၍ စုစုပေါင်းငွေ(၁၁)ခု၊ကြေး(၅)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄) […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး နေပြည်တော်၊ အောက်တိုဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပဒေသာကပွဲတွင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ဒေါ်နွဲ့နွဲ့စန်းဦးဆောင်သည့် အမေများအဖွဲ့နှင့် ဦးဒိန်းဒေါင်ဦးဆောင်သည့် ဟာသလူရွှင်တော်များအဖွဲ့တို့အား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နေပြည်တော်အားကစားဆေးဘက်ဌာနခွဲမှ ဆရာဝန်၊ သူနာပြုများနှင့်အတူ ဆီးချို၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ၊ အင်အားဖြည့် အာဟာရဖြစ်စေရန်အတွက် ငှက်ပျောသီး၊ ကြက်ဥ၊ သောက်ရေသန့်များ၊ အလှူငွေများနှင့် အခြားလိုအပ်သည်များအား ကူညီဖြည့်ဆည်းထောက်ပံ့လှူဒါန်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ဦးနေဝင်းမှ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ နိုဝင်ဘာ (၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲ(၃:၃၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ တစ်ဦးချင်းလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် သာမက မိမိတို့ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်များပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမိုသိရှိ နားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစု မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း (၃၅)ဦး ၊ အမှုထမ်း(၃၇)ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း(၃၀)ဦး၊ အမှုထမ်း (၁၃၅)ဦး ၊ သင်တန်းသား (၁၁၅)ဦးနှင့် သင်တန်းသူ(၁၁၄)ဦး […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက် ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအာကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ အသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အလှူရှင်များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော် သီချင်းအား သံပြိုင်သီဆိုကြ၍ အခမ်းအနားအား စတင်ခဲ့ပါသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် – […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာလ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ်အားကစားသမားအိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေး၍ – ယခုဆောက်လုပ်နေသည့်လုပ်ငန်းခွင်ကို အရည်အသွေးပြည့်ဝပြီး အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ရေးအဖွဲ့မှ လိုအပ်ချက်များတင်ပြလျှင်လည်း မိမိတို့ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ – အဆောက်အဦအနောက်ဘက်ရှိ မြေနံရံပြိုကျမှု မဖြစ်စေရန် မြေကာနံရံနှစ်ဆင့် ပြုလုပ်ပေး၍ သဘာဝဘေးအန္တရာယ်ကိုခံနိုင်ရည်ရှိရန် လိုအပ်ကြောင်း၊ အဆောက်အဦ မျက်နှာစာလှပရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ – တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးသတ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကိုယနေ့နံနက်(၀၉:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများတက်ရောက်ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်ဝန်ကြီးဌာနလက်ထက်များတွင် ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနားများကို ပုံမှန်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခုနောက်ပိုင်းတွင် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်အခက်အခဲများကိုသက်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများမှတစ်ဆင့် စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေတင်ပြလာခဲ့ခြင်းအပေါ် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေးကိစ္စကိုတစ်နှစ်လျှင်(၂)ကြိမ်နှင့် ပြောင်းရွှေ့နေရာချထားရေးကိစ္စများကိုတစ်နှစ်လျှင် (၃)ကြိမ် သတ်မှတ်ပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းကိစ္စများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ပြင်ပသို့ ပေါက်ကြားမှုမရှိစေရန်အတွက် လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ပြခြင်းများမပြုလုပ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများမှ ခွင့်တောင်းခံခြင်းကိစ္စများ၊ လုံခြုံရေးကိစ္စများနှင့် […]