၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ (၆)ရက်။ ရှမ်းပြည်နယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၅.၉.၂၀၂၂ရက်နေ့ ညနေ(၁၅း၀၀)နာရီအချိန်တွင်ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၅)ရက်။ အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် အားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးလျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာ နိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလေးမအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၉၄၆ ခုနှစ်၊ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ (၅)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်စေရန်နှင့် စစ်တုရင်အားကစားနည်းဟာ အခြားသော အားကစားနည်းများကဲ့သို့ ကိုယ်ကာယလှုပ်ရှားပြီး ကစားရသော အားကစားနည်းမဟုတ်ဘဲ စိတ်ဓါတ်ကိုအခြေခံ၍ ကစားရသောအားကစားနည်းဖြစ်သောကြောင့် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုသည် အဓိကလိုကြောင်း၊ စစ်တုရင်အားကစားနည်းဟာ အားကစားပစ္စည်းကုန်ကျစရိတ် အနည်းဆုံးနှင့် လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ စစ်တုရင်အားကစားနည်းအနေဖြင့် […]
၂၀၂၂ခုနှစ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၅)ရက်။ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ် ဆေးခြင်းကို ၄.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးကို မွန်းလွဲ (၁၄:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) လေ့ကျင့်ရေးဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ပြည်နယ်အတွက် မျိုးဆက်သစ်အားကစားသမားများ […]
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက်(၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လူငယ်များဟာ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကြီးမားတဲ့လူ့စွမ်းအား အရင်းအမြစ်များဖြစ်တဲ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များတွင် အားကိုးအားထားပြုရမယ့် အင်အားစုတစ်ရပ်ဖြစ်လို့ နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်တဲ့အပြင် အနာဂတ်နိုင်ငံတော်ရဲ့ အကောင်းအဆိုးဟာဆိုရင် ဒီကနေ့လူငယ်များရဲ့ စွမ်းဆောင်ရည်၊ကိုယ်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်ဓါတ်၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပေါ်မှာ မှီတည်နေတာဖြစ်လို့ လူငယ်များ ဘက်စုံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၁၆)နှစ်အောက် လူငယ်အမျိုးသားဘောလုံးပြိုင်ပွဲနှင့်အသက်( ၁၈)နှစ်အောက် လူငယ်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၂. ၉ .၂၀၂၂)ရက်နေ့ညနေ ( ၄း၄၅ )နာရီအချိန်တွင် အောင်မြေမန္တလာ အားကစားကွင်းသစ်ကြီးတွင်ကျင်းပပြုလုပ်ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ […]
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၄)ရက်။ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲအလိုက်တာဝန်ခံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အသင်းလိုက် အတည်ပြုပြီးနောက် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌဦးမောင်မောင်လွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ကျန်းမာရေးကောင်းစွာဖြင့် စုံစုံညီညီ ပါဝင်ယှဉ်ပြိုင်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကဒ်ရောဂါကြောင့် ရက်၊ လ၊နှစ်ကြာမြင့်စွာ မကျင်းပနိုင်ခဲ့ပေမယ့် ယခုအခါတွင် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု […]
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားမြှင့်တင်စေရန် ဟောပြောပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာ (၃)ရက်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ကျောင်းသား/ကျောင်းသူများအား၊ အားကစားနည်းအလိုက် အားကစားထူးချွန်၍ နိုင်ငံ့လက်ရွေးစင်ဖြစ်စေရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာပညာသိပ္ပံ စုပေါင်းစားရိပ်သာ၌ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်ဟောင်း ဘော်လီဘောအားကစားသမားကြီး၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးသိန်းက လေ့ကျင့်ရေး၊ ပညာရေး၊ စိတ်ဓာတ်စည်းကမ်းပိုင်းနှင့် မိမိ၏အားကစားနည်း အတွေ့အကြုံ၊ အောင်မြင်မှုနှင့် ဆုရရှိပြီး ရာထူးအဆင့်ဆင့်တိုးတက်ဂုဏ်ပြုခံခဲ့ရသည့် အားကစားဘဝ ဖြတ်သန်းလာမှုအား ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်စေရန် ဟောပြောပို့ချခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ၊ ဦးသိုင်းထွန်းဇော်နှင့် နည်းပြဆရာ/ဆရာမများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး

၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ (ဘူရောင်း)တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ၌ ကျင်းပပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Dragon အသင်းနှင့် YCDC အသင်းတို့က ပထမတံခွန်စိုက်ဆုများ ဆွတ်ခူးရရှိကြသည်။ ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Kang Kmygu နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က အမှာစကားပြောကြားကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် အမျိုးသား/အမျိုးသမီး သက်ငယ်တန်းအဆင့်၊ ဂျူနီယာတန်းအဆင့်၊ ‘က’ကွက် ၊ အတိုက်ပြိုင်ပွဲများကိုကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲ၌ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်သည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်သည့်သတင်း