အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ ရွှေဘို၊ ဖေဖော်ဝါရီ ၁၀ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ခရိုင်လူငယ်ရေးရာကော်မတီနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်၊ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းတို့က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ […]

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ

Loading

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ မုံရွာ၊ ဖေဖော်ဝါရီ(၁၀)ရက်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနက မျိုးဆက်သစ်အားကစားသမား‌ကောင်းပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ ၊ ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ‌ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်က တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ လက်ဝှေ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲတွင် ပွဲစဉ်အလိုက် အမျိုးသမီး ၄၈ ကီလိုတန်း၊ အမျိုးသမီး ၅၁ ကီလိုတန်း၊ အမျိုးသား ၅၂ ကီလိုတန်း၊ အမျိုးသား ၆၀ ကီလိုတန်း၊ အမျိုးသား အလွတ်တန်း ၆၉ ကီလိုတန်းနှင့် အထူးပွဲ […]

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ပဲခူး၊ဖေဖော်ဝါရီ(၉)။ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ အေရိုးဗစ်အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.K စည်တီး(က) အသင်းတို့ ယှဉ်ပြိုင် ကစားနေမှု၊ အလွတ်တန်းဖူဆယ် ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်းနှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့်   အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် […]

၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ ဘားအံ၊ဖေဖော်ဝါရီ(၇)။ (၇.၂.၂၀၂၃)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန် ကရင်ပြည်နယ် ဘားအံမြို့ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံမြို့နယ် အသင်းနှင့် သံတောင်ကြီးမြို့နယ်အသင်းတို့ ယှဉ်ပြိုက်ကစားကြရာ ဘားအံမြို့နယ် အသင်းမှ သံတောင်ကြီးမြို့နယ်အသင်းအား (၈ ဂိုး : ၃ ဂိုး)ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍အစီအစဉ်အရ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ရှေ့ဦးစွာ ဆုရရှိသောအားကစားသမားများကွင်းအတွင်းနေရာယူပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအားစတင်ခဲ့ပါသည်။ ဆက်လက်၍ ကြက်ခြေနီအဖွဲ့ နှင့် ဒိုင်အဖွဲ့အား […]

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ

Loading

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ မုံရွာ၊ဖေဖော်ဝါရီ (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက သင်တန်းတွင် တက်ရောက်ခဲ့သော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ငန်းတာဝန်(၃)ရပ်၊ ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်၊ ဝန်းထမ်းစည်းမျဥ်း၊ စည်းကမ်းများနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အစွမ်းကုန်ကြိုးစား လုပ်ကိုင်ကြစေကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက် ၊လုပ်ငန်းစဥ်များအပေါ်တည်မှီပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ ပေးအပ်သည့်တာဝန်များကို မိမိတို့ကျရာကဏ္ဍမှ တာဝန်သိသိ သစ္စာရှိရှိဖြင့် ဆက်လက်ထမ်းပိုးထမ်း‌ဆောင်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မင်းသန်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူခဲ့ပြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ တည်ဆောက်ရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပြည်သစ်စံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၄၈၀)xပေ(၆၀) RC(၂)ထပ် ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ပေ(၁၈၀)xပေ(၁၅၀) မိုးလုံလေလုံအားကစားရုံတို့အား သတ်မှတ်ကာလအတွင်းပြီးစီးရမည့် ရာခိုင်နှုန်းအလိုက် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေးတို့အတွက် ဂရုတစိုက်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေမှုရှိစေရေး၊ သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၆)။ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးတွင် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် (၁)လအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်အခက်အခဲများကို တင်ပြဆွေးနွေးပေးရန်လိုကြောင်း၊ Outdoor Fitness နှင့်ပတ်သက်၍ ဘတ်ဂျက်စိစစ်မှုကြောင့် လက်ကျန်ပစ္စည်းများကိုသာ အမှန်တကယ်လိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စိစစ်ထုတ်ပေးသွားမည်ဖြစ်သည့်အတွက် တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် မြို့နယ်နှင့်ခရိုင်တို့မှ တင်ပြလာမှုများအပေါ် စိစစ်တင်ပြပေးရန်လို ကြောင်း၊ မြေဂရမ်ရရှိမှုနှင့်ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ […]

လူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

လူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ (၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို (၃.၂.၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၃:၀၀)နာရီ အချိန်၌ လယ်ဝေးမြို့နယ်၊ အားကစားခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ လယ်ဝေးမြို့နယ်က မသန်စွမ်း လူငယ်တွေကိုလည်း အထူးချီးကျူးဂုဏ်ယူ ပါကြောင်း၊ ယခုသင်တန်းသို့ […]

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး‌တွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင်

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး‌တွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင် ရန်ကုန်၊ဖေဖော်ဝါရီလ(၅)ရက်။ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ တိုင်း‌ဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အလှူရှင်များက ယနေ့နေ့လယ် (၁၂)နာရီအချိန်က အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ကျောင်းသို့သွားရောက်၍‌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ သင်တန်းသား/သူများ၊ B.Sc(Sports) ကျောင်းသား/သူများနှင့် ISPE FC ဘောလုံးအသင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး အထူး‌နေ့လယ်စာ ဂုဏ်ပြုစားပွဲများပြုလုပ်‌ပေး၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူတကွ‌သုံး‌ဆောင်ခဲ့ကြသည်။ ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်ကအမှာစကားပြောကြား၍ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်း က သင်တန်းသား/သင်တန်းသူများအား စိတ်ဓာတ်မြင့်မားရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဌ က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း […]

ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ

Loading

ကလေးဝမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အေရိုးဗစ်ပြိုင်ပွဲကျင်းပ ကလေးဝ၊ ဖေဖော်ဝါရီ (၄)။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် အေရိုးဗစ်ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ပညာရတနာခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အေရိုးဗစ်ပြိုင်ပွဲကို ကလေးငယ်များကိုယ်ကာယ စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ခင်ပြုံးရီက ပြိုင်ပွဲဝင်စည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ အေရိုးဗစ်အသင်း ၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင်ဆုရရှိသော အေရိုးဗစ်အသင်းများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။