ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး၊ ဦးမျိုးလှိုင် (၇၆)နှစ်မြောက်၊ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်းအတွက် ခင်းကျင်းပြသမည့် ပစ္စည်းများနှင့်ဓါတ်ပုံများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု ပြခန်းအတွက် သယ်ယူခင်းကျင်းပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်ပစ္စည်းများနှင့်ဓါတ်ပုံများအား သယ်ယူနိုင်ရေး စနစ်တကျထုပ်ပိုးပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ဓါတ်ပုံများအား ပြောင်းလဲမှုရှိတိုင်း စဉ်ဆက်မပြတ် (Update) ပြောင်းလဲခင်းကျင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံ)ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁.၁.၂၀၂၃)ရက်နေ့ ညနေ (၃) နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊တက္ကသိုလ် ၊ကောလိပ်၊သိပ္ပံကျောင်းအုပ်ဆရာမကြီးများ၊ ဘောလုံးဆပ်ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(ဂ)အသင်းနှင့် ဘားအံတက္ကသိုလ်(က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံတက္ကသိုလ်(ဂ)အသင်းမှ ဘားအံတက္ကသိုလ်(က)အသင်းကို (၄:၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေနှင့် ဒိုင်လူကြီးအဖွဲ့ […]
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ စစ်ကိုင်း၊ ဇန်နဝါရီ(၃၁)ရက်။ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အတန်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အဆိုပါတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် အားကစားကဏ္ဍများနှင့် အနုပညာ၊ ယဉ်ကျေးမှုများကိုပါ စိတ်ပါဝင်စားစွာ လှုပ်ရှားဆောင်ရွက်တက်စေရန်၊ အားကစားလှုပ်ရှားကစားခြင်းဖြင့် တစ်ကိုယ်ရည် ကျန်းမာရေးအတွက် အထောက်အကူပြုပေးကြောင်း၊ ဘော့လုံးအားကစားသည် Team Work ဖြင့် ကစားရသည့်အတွက် အပေးအယူညီညီနှင့် စည်းစည်းလုံးလုံးကစားကြရန် နှင့်ထိခိုက်ဒဏ်ရာမရရှိစေပဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူးမှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီး သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်ထွန်းဦးက ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်းကြေညာ ပေးခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲသို့ အမျိုးသားဘော့လုံးအသင်း(၈)သင်း […]
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် လူတွေ့စစ်ဆေးခြင်းပြုလုပ်

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် လူတွေ့စစ်ဆေးခြင်းပြုလုပ် နေပြည်တော်၊ ဇန်နဝါရီ (၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ ရုံးအုပ်/ ဌာနခွဲစာရေးတို့နှင့်အဆင့်တူ ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲကို ယမန်နေ့ကစစ်ဆေးခဲ့ပြီး ဖြေဆို အောင်မြင်သူများကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ လူတွေ့အရည်အချင်း စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစန်းချိုတို့မှ စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လစဉ်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းသည် ယခုဆိုလျှင် တတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ဝန်ထမ်းများနှင့် တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲကို (၆.၁.၂၀၂၃)ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို အကြီးအကဲများ၏လမ်းညွှန်ချက်အတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဒါဘာတွင် […]
ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသောအခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသောအခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ နေပြည်တော် ဇန်နဝါရီ (၃၀)ရက်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီခွဲအချိန်တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်း၌ စတင်ကျင်းပသည်။ နံနက်ပိုင်း အမျိုးသမီး ဗိုလ်လုပွဲစဉ်တွင် ဇမ္ဗူသီရိမြို့နယ် အထက(၉)အသင်းနှင့် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇမ္ဗူသီရိမြို့နယ် အထက(၉)အသင်းက အနိုင်ရရှိခဲ့သည်။ ညနေပိုင်း အမျိုးသားဗိုလ်လုပွဲတွင် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အသင်း နှင့် လယ်ဝေးမြို့နယ် အထက(၁)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ လယ်ဝေးမြို့နယ် အ.ထ.က(၁)အသင်းကအနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၊ ခန္တီးမြို့ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းစစ်ဆေးသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၊ ခန္တီးမြို့ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲတက်ရောက်သည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲတက်ရောက်သည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစားကွင်းသို့ရောက်ရှိပြီး ဘက်စုံအသုံးပြုနိုင်သည့် မီတာ(၄၀၀) (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် မြေနေရာတိုင်းတာခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လဟယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအထောက်အကူပြုပစ္စည်းများအား နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆက်လက်ထွက်ခွာလာရာ မွန်းလွဲပိုင်းအချိန်တွင် ခန္တီးမြို့သို့ရောက်ရှိလာခဲ့ပြီး ခန္တီးမြို့ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း အားကစားရုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ Inter […]
ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပ

ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပ နေပြည်တော်၊(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ/ရုံးအုပ်/ဌာနခွဲစာရေးတို့နှင့် အဆင့်တူ ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူ စုစုပေါင်း(၃၃)ဦးတို့အား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (Media Room)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ စီမံ/ဘဏ္ဍာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစန်းချိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများကို (၃၁.၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း အစည်းအဝေးခန်းမ၌ လူတွေ့စစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။