အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပသည့်သတင်း

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပသည့်သတင်း

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင် ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်

Loading

လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင် ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ် နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင်ရာထူး နေရာများတွင်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း (၅၄)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစားရုံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားများ၏ ပူးတွဲလေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁၈) အောင်မြေသာစံ မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ လူငယ်ဘဝတွင် ရယ်မောပျော်ရွှင်စွာနေထိုင်ကြရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးတွင် ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း၊ အားကစားလုပ်လို့ ပညာရေးညံ့တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့လိုကြောင်း၊ အားကစားလိုက်စားသူတိုင်း ကျန်းမာကြံ့ခိုင်ကြောင်း၊ အခြေခံပညာကို တတ်ဖို့လိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာရန်လိုကြောင်း၊ မူးယစ်ဆေးများကိုမသုံးစွဲကြရန်နှင့် မိတ်ဆွေအပေါင်းအသင်းများများထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုအရည်အသွေးတွင် အကျင့်စာရိတ္တ ကောင်းမွန်ဖို့သည် […]

အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့သည်ကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူတစ်ဦးက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်း၊ အင်အား(၁၆၇၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၅)။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒို အတိုက်၊ ကကွက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၁၄-၁-၂၀၂၃ မှ ၁၅-၁-၂၀၂၃)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံတွင် ကလပ် ၁၀ ခုမှ ပြိုင်ပွဲဝင်ကစားသမားများ ၃၈၀ ဦးခန့် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းဦးနှင့်ကလပ်ပေါင်းစုံမှတာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း အတိုက်ပြိုင်ပွဲများတွင် ဆုရရှိသော ကစားသမားများ၊အတန်းလိုက် တံခွန်စိုက်ဆုဖလားများ၊ကကွက်တံခွန်စိုက်ဆုဖလားများ၊အကောင်းဆုံးအားကစားသမားဆုများဆုရရှိသော အားကစားသမားများအား မြန်မာ့နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်မြို့နယ်အားကစားမှူးများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အတိုက်ပြိုင်ပွဲတွင်တံခွန်စိုက်ဆုဖလားရရှိသော Wisdom Hill ကလပ်အသင်းအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော် […]

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပသည့်သတင်း

Loading

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပသည့်သတင်း

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၃)။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်း ကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၁၄.၁၂.၂၀၂၂) ရက်နေ့မှ (၄.၁.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ (၂၉.၁၁.၂၀၂၂)ရက်နေ့မှစတင်လေ့ကျင့်ခဲ့ပြီး (၄.၁.၂၀၂၃)ရက်နေ့အထိ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ချီတက်စစ်ကြောင်းနှင့် ထိုင်ကြည့်စစ်ကြောင်းများတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဒါ့အပြင် (၇၅) […]