အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ယနေ့ နံနက် (၇)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား မီတာ(၁၅၀၀) ပြိုင်ပွဲတွင် ပထမဆု မောင်ခန့်ဇင်ကိုကို(သင်္ဃန်းကျွန်း)၊ ဒုတိယဆု မောင်ခွန်ရန်နိုင်ထွန်း(တောင်ကြီး)၊ တတိယဆု မောင်စိုင်းသီဟစိုး(ဘားအံ)နှင့် အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲတွင် ပထမဆု မနန်းစုထွေး (စစ်ကိုင်း)၊ ဒုတိယဆု မခိုင်စံပယ်ဦး(တောင်ကြီး)၊ တတိယဆု မအေးမြင့်ဦး(ဟားခါး)တို့အား ပညာရေးဝန်ကြီးဌာန […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ (၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီ (၁၉)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝန်ထမ်းများနှင့် သင်တန်းသား/သူများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပိုမိုကျွမ်းကျင်ပြီး မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် အမြဲတမ်းလေ့လာဆည်းပူး မှတ်သားနေကြရန်နှင့် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရန်အတွက် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ စိတ်ဓာတ်ကျ အားငယ်စိတ်များမထားဘဲ […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါအုပ်စုပွဲစဉ်တွင် မော်လမြိုင်ဇုန်အသင်းနှင့် တောင်ကြီးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မော်လမြိုင်ဇုန်အသင်းမှ တောင်ကြီးဇုန်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ (၂၁.၂.၂၀၂၃)ရက်နေ့ အုပ်စုပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)၌ နံနက် (၇)နာရီခွဲအချိန်တွင် ဒဂုံဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန် တွင် ပုသိမ်ဇုန်အသင်းနှင့် […]

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဖေဖော်ဝါရီ(၁၈)ရက်နေ့မှ (၂၈)ရက်နေ့အထိကျင်းပ ပြုလုပ်လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် အားကစားသမားများသည် အရှေ့တောင်အာရှ၊ အာရှနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ အားကစားစွမ်းဆောင်ခဲ့မှုသမိုင်းမှတ်တမ်းများကို ကြည့်ရှုလေ့လာမှတ်သားပြီး အားကစားကို ပိုမိုစိတ်ပါဝင်စား၍ စိတ်ဓာတ်ခွန်းအားများရရှိစေပြီး အတုယူ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင် ဘောလုံး(အမျိုးသား)၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)အားကစားနည်းတို့မှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားစုစုပေါင်းအင်အား (၆၀၀)ဦးတို့သည် ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Social Zone)၌ ဖွင့်လှစ်ပြသထားရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိသော […]

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။ အစီအစဉ်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ (၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှသာ ဌာန၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုခန့်အပ်လိုက်သည့် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ကောင်းမွန်စွာသိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်ကိုလည်း တိကျစွာ လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း […]

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၈)။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားစားရုံ (B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူလေးများက Fitness Dance ဖြင့်လည်းကောင်း၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊  မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူ လေးများက မြန်မာ့သိုင်းဖြင့်လည်းကောင်း၊ ရန်ကင်းနှင့်လှည်းကူး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ (၃၄)ဧက အားကစားဉယျာဉ်အတွင်း အဆင့်မြင့်အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီးနောက် အရာထမ်း/အမှုထမ်းနေအိမ်နှင့် အားကစားသမားအိပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)တွင် သင်တန်းတက်ရောက်လျက်ရှိသည့် Grade-10 နှင့် Grade-11 (စနစ်သစ်နှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကရင်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကရင်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ (အောင်သံလွင်) ပြည်နယ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းရှိ (VIP)ပွဲကြည့်ဆောင်၊ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ တိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်နှင့် ဝန်ထမ်းများအချင်းချင်း တစ်ဦးပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် ရိုင်းပင်းကူညီ၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏အခက်အခဲများ လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် […]

ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့်

Loading

ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့် နေပြည်တော်၊ဖေဖော်ဝါရီ(၁၇)။ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်းအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် (၂/၂၀၂၃) တို့အား သင်တန်းအမှတ်စဉ် (၁)ခုလျှင် သင်တန်းသား (၁၀၀)ဦး သင်တန်းကာလ (၃)ပတ် တစ်ပတ်လျှင် (၆) ရက်ဖြင့် နံနက်ပိုင်းအချိန်များတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ၂၇-၂-၂၀၂၃ မှ ၁၇-၃-၂၀၂၃ ရက်ထိလည်ကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃) အား ၂၀-၃-၂၀၂၃ မှ ၇-၄-၂၀၂၃ ရက်ထိလည်ကောင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအား အတွေ့အကြုံရှိ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျသင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် (၄၀,၀၀၀/-) နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ဝင်ခွင့်လျှောက်လွှာပုံစံ၊ ဓာတ်ပုံ […]

ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့်

Loading

ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် နွေရာသီအခြေခံရေးကူးသင်တန်းများဖွင့်လှစ်မည့် နေပြည်တော်၊ဖေဖော်ဝါရီ(၁၇)။ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်းအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် (၂/၂၀၂၃) တို့အား သင်တန်းအမှတ်စဉ် (၁)ခုလျှင် သင်တန်းသား (၁၀၀)ဦး သင်တန်းကာလ (၃)ပတ် တစ်ပတ်လျှင် (၆) ရက်ဖြင့် နံနက်ပိုင်းအချိန်များတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ၂၇-၂-၂၀၂၃ မှ ၁၇-၃-၂၀၂၃ ရက်ထိလည်ကောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၃) အား ၂၀-၃-၂၀၂၃ မှ ၇-၄-၂၀၂၃ ရက်ထိလည်ကောင်း ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအား အတွေ့အကြုံရှိ ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျသင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် (၄၀,၀၀၀/-) နှုန်း သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက ဝင်ခွင့်လျှောက်လွှာပုံစံ၊ ဓာတ်ပုံ […]