အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားတက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားတက်ရောက်သည့်သတင်း
7th National Sports Recreation Festival 2023နှင့် ASEAN Sports Day 2023 အထိမ်းအမှတ် ပွဲတော်များသို့တက်ရောက်ရန် ပြည်ပထွက်ခွာ
![]()
7th National Sports Recreation Festival 2023နှင့် ASEAN Sports Day 2023 အထိမ်းအမှတ် ပွဲတော်များသို့တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ဇူလိုင်လ(၁)ရက် ၂၀၂၃ခုနစ်၊ဇူလိုင်လ(၂)ရက်နေ့မှ(၄)ရက်နေ့အထိ့ ၊အင်ဒိုနီးရှာ နိင်ငံ Bandungမြို့တွင်ကျင်းပပြုလုပ်မည့် 7th National Sports Recreation Festival နှင့် ASEAN Sports Day 2023အထိမ်းအမှတ် ပွဲတော်သို့တက်ရောက်ရန် အားကစားနင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒေါ်အိသန္တာဝင်း၊ (လက်ထောက်ညွှန်ကြားရေးမှူး၊)ဒေါ်သက်ထားနွယ်၊(အားကစားမှူး)၊ဒေါ်မို့မို့ဟိန်းကိုကို၊(အားကစားမှူး) ၊ ဒေါ်ချယ်ရီဖော၊(အားကစားမှူး)နှင့်ဒေါ်ပိုးပိုးဆက်(ဌာနခွဲစာရေး)တို့သည် ယနေ့ည(၁၉း၀၀)အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ
![]()
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇွန်လ(၃၀)ရက်။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပလျက်ရှိသည်။ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က)အသင်းက (၈)ဂိုး (၃)ဂိုး ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းက (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီခွဲအချိန်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃) ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်အမှာစကားပြောကြား
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇွန်လ(၃၀)ရက်။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၂)နာရီခွဲတွင် Naypyitaw State Academy ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိသည့် လူငယ်လူရွယ်များဖြစ်ပါကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုးအားထားရသည့် လူတော်လူကောင်းများဖြစ်လာစေရန် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ လူငယ်များစာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ငယ်စဉ်အရွယ်ကတည်းက လေ့ကျင့်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်စင်တာများထူထောင်၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်၌ လူငယ်များဘက်စုံ […]
၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
![]()
၂၀၂၃ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ နေပြည်တော်၊ ဇွန်(၃၀)။ ၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်းမှ မီတာ ၈၀၀ (အမျိုးသား/အမျိူးသမီး) အပြေးပြိုင်ပွဲ၊ အလျားခုန် (အမျိုးသား/အမျိုးသမီး)၊ သံလုံးပစ်(အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ (အမျိုးသား/ အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း (အမျိုးသား+အမျိုးသမီး) ပြိုင်ပွဲများကို ကျင်းပခဲ့သည်။ မီတာ ၈၀၀ (အမျိုးသား) အပြေးပြိုင်ပွဲတွင် မောင်စီရမ်းပေါ့က ပထမ၊ မောင်ဖိုးချိုက ဒုတိယ၊ မောင်ထက်မြက်အောင်က တတိယဆုများကိုလည်းကောင်း၊ မီတာ ၈၀၀ (အမျိုးသမီး) အပြေးပြိုင်ပွဲတွင် မကိမ်ရှန်းဒိတ်ဆာန်က ပထမ၊ […]
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသစ်(၅)ခုနှင့် QC Team လုပ်ငန်း(၁)ခု တင်ဒါအောင်မြင်သည့်စာရင်း
![]()
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းသစ်(၅)ခုနှင့် QC Team လုပ်ငန်း(၁)ခု တင်ဒါအောင်မြင်သည့်စာရင်း
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၈)။ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပလျက်ရှိသည်။ နံနက်ပိုင်းတွင် အုပ်စု(က)ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပညာရေးဝန်ကြီးဌာန(က) အသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(က) အသင်းက (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ အုပ်စု(ခ)ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဂိုးမရှိသရေရလဒ်ဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီသရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား […]
သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ
![]()
သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၂၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက ”အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတက်အောင် အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ပညာပြည့်ဝစေရန် အားကစားနည်း […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အင်္ဂလိပ်စာ ဘာသာပြန်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အင်္ဂလိပ်စာ ဘာသာပြန်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း
၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၂၇)ရက်။ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိတ်သတ်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ခ)အသင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ခ) အသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၀)ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ (၃)နာရီခွဲအချိန်တွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ)အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။