ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ

ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ (Winter Olympic Games) ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို ၁၉၂၄ ခုနှစ် (CHAMONIX) မြို့တွင် စတင်ကျင်းပခဲ့ပြီး (၂၀၁၀) ခုနှစ်တွင် (၂၁) ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်၌ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် အားကစားနည်း (၇)နည်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ တွင်ထည့်သွင်းယှဉ်ပြိုင်လျှက်ရှိသော အားကစားနည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1. Bobsleigh and Tobogganing 2. Curling 3. Ice Hockey 4. Luge 5. Biathlon 6. Skating 7. Ski
လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ

လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ( Youth Olympic Games) လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် (ပထမ)အကြိမ်အဖြစ် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၄ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်ဂျင်း (NANJING) မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။စင်္ကာပူနိုင်ငံ တွင် ကျင်းပခဲ့သော ပထမအကြိမ်လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ၌ အားကစားနည်း (၂၆)နည်း ထည့်သွင်းကျင်းပ ခဲ့ရာ အောက်ပါအတိုင်းဖြစ်ပါသည်။ 1. Aquatics 2. Archery 3. Athletics 4. Badminton 5. Basketball 6. Boxing 7. Canoe-Kayak 8. Cycling 9. Equestrian 10. Fencing 11. Football 12. Gymnastics 13.Handball 14.Hockey […]