အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖူဆယ်နည်းပြသင်တန်း AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖူဆယ်နည်းပြသင်တန်း တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားခန်းမတွင် ဖွင့်လှစ်

တောင်ကြီး၊အောက်တိုဘာ ၂၃ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက် / ရည်မှန်းချက်နှင့်မျှော်မှန်းချက်များအတိုင်း ဖူဆယ်ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားဖြင့်တစ်ဖက်တစ်လမ်းမှနေ၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပြီး အားကစားသမား မျိုးဆက်သစ် (ရွက်ပုန်းသီး) လူငယ်/လူရွယ်များပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့နှင့်ပူးပေါင်းပြီး ” ကိုဗစ် – ၁၉ ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း စိစစ်၍ AFC Futsal Level – 1 Coaching Certificate Course ဖူဆယ်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဌ ဒေါက်တာရဲမွန်ထွဋ် ၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ မစ္စတာဘန်လတ်ချာရာဝန် ( Mr. Bunlert Charoenwong )၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင် ၊ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ ခရိုင်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် သင်တန်းနည်းပြဆရာများ၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ သင်တန်းသား/ သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ သင်တန်းသား(၁၂)ဦး ၊ သင်တန်းသူ(၈)ဦး စုစုပေါင်း (၂၀)ဦး ဖြင့်( ၂၃ . ၁၀ . ၂၀၂၁ )ရက်နေ့ မှ ( ၂၈ . ၁၀ . ၂၀၂၁ )ရက်နေ့ထိ သင်တန်းကာလ ၆ ရက်ကြာ သင်ကြားဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။