အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ(၉)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ စစ်တုရင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့နံနက်(၉)နာရီမှ စတင်၍ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ်(၁) အိသင်္ကြန် (ဧရာဝတီ)နှင့် မျိုးမျိုးသူ (ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၂) ဆုလဲ့နန္ဒာ(မန္တလေး)နှင့် လွင်မာစိုး(စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၃) အေးအေးဖြိုး(ပဲခူး)နှင့် သော်သော်ဇင် (ရှမ်း)တွင် (၀-၁)၊ ပွဲစဉ်(၄) ပန်းပြည့်သခင်(မွန်)နှင့် စုမြတ်အိန္ဒြာ(နေပြည်တော်) တွင်(၁-၀)၊ ပွဲစဉ်(၅) မြစံပယ်(စစ်ကိုင်း)နှင့် ရတနာမြတ်မွန်(မွန်)တွင် (၁-၀)၊ ပွဲစဉ်(၆) ဟေမာန်စိုး(တနင်္သာရီ)နှင့် နှင်းဝတ်ရည်(မန္တလေး)တွင် (၀-၁)၊ ပွဲစဉ်(၇) ဖူးပွင့်ပြည့်စုံ(ရန်ကုန်)နှင့် မေခင်စန္ဒာထွန်း(မန္တလေး)တွင် (၁-၀)၊ ပွဲစဉ်(၈) စံစံဆွေ (ရခိုင်)နှင့်အိမ့်သက်မှူးခင်(တနင်္သာရီ)တွင် (၁-၀)၊ ပွဲစဉ်(၉) သွန်းနဒီအောင်(မကွေး)နှင့်အေးရနံ့သခင် (မွန်)တွင် (၀-၁)၊ ပွဲစဉ်(၁၀) သိမ့်သိမ့်အိ (ဧရာဝတီ)နှင့် အိပိုးသွယ် (ဧရာဝတီ)တွင် (၀-၁)၊ ပွဲစဉ်(၁၁) သီရိငြိမ်းချမ်းမိုး(ပဲခူး)နှင့်ချစ်စုထွေး(ရှမ်း)တွင် (၁-၀)၊ ပွဲစဉ်(၁၂) နန်းခမ်းစံ(ရှမ်း)နှင့် နီနီဝင်း (ရှမ်း) တွင် (၀-၁)၊ ပွဲစဉ်(၁၃) နဒီလင်းလဲ့(ကရင်)နှင့် ဟေမာနှင်းဇော်(မန္တလေး)တွင် (၀-၁)၊ ပွဲစဉ်(၁၄) ဖူးပွင့်ဝေ(ဧရာဝတီ)နှင့်လှဖူးသစ်ကျော်(ကရင်)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၁၅) တင်ဇာလင်း(ရခိုင်)နှင့် ဂျူးမြတ်ချယ်(မကွေး)တွင် (၀-၁)၊ ပွဲစဉ်(၁၆) စန္ဒာအေးမြ (ဧရာဝတီ)နှင့် မျိုးသဉ္ဇာ(ကရင်)တွင် (၀-၁)၊ ပွဲစဉ်(၁၇) ငြိမ်းရတီထက် (မကွေး)နှင့် သန္တာဦး(တနင်္သာရီ)တွင် (၁-၀)၊ ပွဲစဉ်(၁၈) မြတ်ဖူးငုံ(မကွေး)နှင့် သင်းသွယ်ဖြိုး(မွန်)တွင် (၁-၀)၊ ပွဲစဉ်(၁၉)နန္ဒာဝိုင်း(ရခိုင်)နှင့် ခင်သူဇာဌေး(ရခိုင်)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၂၀) နှင်းပွင့်ဖြူ(ရန်ကုန်)နှင့် ကြည်ပြာလွင်(စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၂၁) ငွေလာဦး(ကရင်)နှင့် ထက်ထက်မျိုးဝင်း (စစ်ကိုင်း)တွင် (၁/၂-၁/၂) တို့ဖြင့် အသီးသီးယှဉ်ပြိုင် အနိုင်ရရှိသွားသည်။

ယင်းနောက်အသက်(၁၈)နှစ်နှင့်အောက် လူငယ်ပြိုင်ပွဲတွင် ပွဲစဉ်(၁)၌ သီဟဇော်(ရှမ်း)နှင့် ဝဏ္ဏဌေး (မွန်)တွင် (၁-၀) ၊ ပွဲစဉ်(၂) ပိုင်ဇေယျာကို (စစ်ကိုင်း)နှင့် ခန့်ဇော်ပိုင် (ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၃) ကောင်းထက်နိုင်(နေပြည်တော်)နှင့် ဉာဏ်စွမ်းပြည့်(မွန်) တွင် (၁-၀)၊ ပွဲစဉ်(၄) ကောင်းထက်(ရန်ကုန်)နှင့် စိုင်းအောင်ခွန်ပါ(မန္တလေး) တွင်(၀-၁)၊ ပွဲစဉ်(၅) အောင်နိုင်ထွန်း(ရှမ်း)နှင့် မျိုးမြင့်ရွှေ (မွန်)တွင် (၀-၁)၊ပွဲစဉ်(၆) ရဲရင့်နိုင်တင့်(မန္တလေး)နှင့် မျိုးစည်သူလွင်(ရန်ကုန်)တွင် (၀-၁)၊ ပွဲစဉ်(၇) ဥက္ကာပြည့်စုံ (မန္တလေး)နှင့် မင်းထက်နိုင် (မကွေး)တွင် ( ၁-၀)၊ပွဲစဉ်(၈) သန့်ဇင်ထွန်း(မကွေး) နှင့် ဇာနည်မျိုးထက်(နေပြည်တော်)တွင် (၁-၀)၊ပွဲစဉ်(၉) ဟိန်းမြတ်အောင် (ရန်ကုန်)နှင့် မင်းသန့်နောင်(တနင်္သာရီ)တွင်(၁-၀)၊ ပွဲစဉ်(၁၀) ကောင်းမြတ်(ရန်ကုန်) နှင့် ဇွဲမာန်ထူး (မကွေး)တွင် (၀-၁)၊ ပွဲစဉ်(၁၁) ကျော်ပြည့်စုံဟိန်း (နေပြည်တော်) နှင့် ကောင်းမြတ်သူ(မန္တလေး)တွင် (၁-၀)၊ ပွဲစဉ်(၁၂) ထက်မြတ်အောင်(တနင်္သာရီ)နှင့် ဇေယျာထွန်း(ဧရာဝတီ)တွင်(၁-၀)၊ပွဲစဉ်(၁၃) ထွန်းဝင်းကျော်(တနင်္သာရီ)နှင့် ကောင်းထက်သူ(ဧရာဝတီ)တွင် (၁-၀)၊ပွဲစဉ်(၁၄) ရင်ဟုန်စိုး (တနင်္သာရီ) နှင့် အောင်ကောင်းမြတ်(ပဲခူး)တွင်(၁-၀)၊ပွဲစဉ်(၁၅) မိုးသူအောင်(မွန်)နှင့် ရဲမင်းခန့်(ရှမ်း) တွင်(၁-၀)၊ပွဲစဉ်(၁၆)လင်းထက်အောင်(ပဲခူး)နှင့် အောင်ကောင်းပြည့်(ရှမ်း)တွင် (၀-၁)၊ ပွဲစဉ်(၁၇) ဖြိုးသီဟဇော်(မကွေး)နှင့် ထူးရဲလင်း(ဧရာဝတီ)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၁၈) ခန့်ဝင်းနိုင် (ကယား)နှင့် ဝါဝါထွန်း(ကယား)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၁၉) လင်းမြတ်အောင်(ပဲခူး)နှင့် လူမင်းမောင် (ဧရာဝတီ)တွင် (၁/၂-၁/၂)၊ပွဲစဉ်(၂၀) ထွန်းလင်း(ရခိုင်) နှင့် ဇင်နီလာမြင့်(ရခိုင်)တွင်(၁/၂-၁/၂)၊ ပွဲစဉ်(၂၁) ဖြိုးဝေအောင်(စစ်ကိုင်း)နှင့် မျိုးမျိုးစံ(ရခိုင်)တွင်(၀-၁)၊ပွဲစဉ်(၂၂) မွန်ရည်ခိုင်(စစ်ကိုင်း)နှင့် ဆုမြတ်စံမှူး(နေပြည်တော်)တွင် (၀-၁)၊ ပွဲစဉ်(၂၃)သီတာစိုး(ကယား)နှင့် စံပယ်စိုး (ရခိုင်)တွင် (၁/၂-၁/၂) တို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ဆက်လက်၍ အမျိုးသားအလွတ်တန်းပွဲစဉ်များတွင် ပွဲစဉ်(၁)၌ ထက်ဇော်ဖုန်း(ရန်ကုန်)နှင့် ကျော်မြတ်အောင် (တနင်္သာရီ)တွင် (၁/၂-၁/၂) ၊ ပွဲစဉ်(၂) မြင့်ဆွေ (မွန်)နှင့် မိုးဝင်းကျော် (ရန်ကုန်) တွင် (၀၁)၊ပွဲစဉ်(၃) မင်းခိုင်ဦး(မန္တလေး)နှင့် ကျော်ကျော်ဦး (ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ်(၄) ကျော်ဇင်ဝင်း (မကွေး)နှင့် ကျော်ဇင်လတ်(နေပြည်တော်) တွင် (၀-၁)၊ ပွဲစဉ်(၅) ဇာနည်(ဧရာဝတီ)နှင့် မျိုးကျော်လှိုင်(ပဲခူး)တွင် (၀-၁)၊ ပွဲစဉ်(၆) ဝင်းဇော်မြင့် (မကွေး)နှင့် မင်းဇော်(ဧရာဝတီ) တွင် (၀-၁) ၊ ပွဲစဉ်(၇) ဖိုးလပြည့်(နေပြည်တော်)နှင့် စံမြင့်ဦး(ကယား)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၈) ဝေယံမျိုး (စစ်ကိုင်း)နှင့် ဇေယျာအောင် (ရခိုင်) တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၉) ကျော်နေတိုး(ရန်ကုန်)နှင့် ဇော်ဦး (တနင်္သာရီ)တွင် (၁-၀)၊ ပွဲစဉ်(၁၀) ပေါစည်မိုး (ကချင်)နှင့် ကိုဦး (တနင်္သာရီ)တွင် (၁-၀)၊ ပွဲစဉ်(၁၁) အောင်သူဟိန်း (ပဲခူး)နှင့် အောင်သူ (နေပြည်တော်) တွင် (၀-၁)၊ ပွဲစဉ် (၁၂)သက်လွင်ဦး (မန္တလေး) နှင့် မျိုးတင့် (ကချင်)တွင် (၁-၀)၊ ပွဲစဉ်(၁၃)သူရိန်ထွန်း(ပဲခူး)နှင့် မိုးဇော်ဦး (ရှမ်း)တွင် (၀-၁)၊ ပွဲစဉ်(၁၄) ကျော်ကျော်ထွန်း (မကွေး)နှင့် ကျော်သီဟ(မန္တလေး)တွင် (၁-၀)၊ ပွဲစဉ်(၁၅) လင်းခန့်ပိုင် (မွန်)နှင့် စံလင်း(ပဲခူး)တွင်(၁-၀)၊ ပွဲစဉ်(၁၆) အောင်စိုးမျိုးပိုင်(မကွေး)နှင့် လျှံဘုန်းထက်(မန္တလေး) တွင် (၁-၀)၊ ပွဲစဉ်(၁၇) ဟောင်ဒိတ်ထန် (စစ်ကိုင်း) နှင့် ရဲရင့်အောင် (စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၁၈) စိုင်းဆိုင်လိုင်မော(ရှမ်း)နှင့် ဒွိုင်အောင်(ကချင်)တွင် (၀-၁)၊ ပွဲစဉ်(၁၉) စံတင့်(ကယား)နှင့် ကျော်ကျော်ဝင်း(ကရင်)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၂၀)ကျော်ဇေယျာလင်း(ကရင်)နှင့် ဖြိုးမင်းဦး(ရှမ်း) တွင်(၀-၁)၊ ပွဲစဉ်(၂၁) သန့်ဇင်ထူး(ဧရာဝတီ)နှင့် ကျော်ဇင်သန့်(ရှမ်း)တွင် (၁-၀)၊ ပွဲစဉ်(၂၂) မင်းတင့်အောင်(ကရင်)နှင့် ဇော်ဇော်သိန်း (ရခိုင်)တွင်(၀-၁)၊ပွဲစဉ်(၂၃)ဝေယံထွဋ်နောင်(မွန်)နှင့် ဥက္ကာကျော်(ရခိုင်)တွင် (၁-၀)၊ပွဲစဉ်(၂၄)ခန့်ကိုကို(မွန်)နှင့် ဇင်ဒေးမောင်(တနင်္သာရီ)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၂၅) အောင်မင်းစိုး(ဧရာဝတီ)နှင့် သူရိန်စိုး(ကရင်)တွင်(၁-၀)၊ ပွဲစဉ်(၂၆) ပိုင်မင်းဖြိုး(ကယား)နှင့် မင်းခန့်ကျော် (နေပြည်တော်)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၂၇)မျိုးမြတ်သူ (ကချင်)နှင့် မျိုးဝင်းထွန်း(ရခိုင်) တွင် (၀-၁) တို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ဆက်လက်၍ ယနေ့နေ့လည်(၂)နာရီအချိန်တွင် နည်းပြမွမ်းမံသင်တန်းအား ပြုလုပ်သွားပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲပွဲစဉ်များကို ၁၂.၉.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မည်သူမဆိုအခမဲ့ဝင်ရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။