အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ (၁၀၀)အလွတ်ရေကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မသန်စွမ်းဘောလုံး(အမျိုးသား)ပြိုင်ပွဲ၌ မြန်မာအသင်းမှ ကြေးတံဆိပ်ဆုရရှိ

(၁၁)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်မသန်စွမ်းရေကူးအားကစားပြိုင်ပွဲတွင် မီတာ (၁၀၀)အလွတ်ကူးပြိုင်ပွဲ၌ မောင်နိုဇင်မှ ငွေတံဆိပ်ဆုနှင့် မြန်မာ့လက်ရွေးစင်မသန်စွမ်းဘောလုံး(အမျိုးသား)အသင်းနှင့် ကမ္ဘောဒီးယားမသန်စွမ်းဘောလုံး(အမျိုးသား)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းမှ ကမ္ဘောဒီးယားအသင်းကို ရလဒ်(၉)ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ကြေးတံဆိပ်ဆုအား အသီးသီးထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။