![]()
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တွင် မြန်မာအသင်းက တတိယပြိုင်ပွဲနေ့၌ ငွေတံဆိပ် တစ်ခု ထပ်မံရရှိ၍ ငွေတံဆိပ် ၃ခု ၊ ကြေးတံဆိပ် ၂ခု ဆွတ်ခူးရရှိထား
ရန်ကုန် ၊ စက်တင်ဘာ ၂၇
တရုတ်နိုင်ငံ၊ ယွမ်လင်မြို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့ နောက်ဆုံးပွဲစဉ်၌ အမျိုးသားအလွတ်တန်း (၁၀)တက်လှော် ကီလိုမီတာ ၁၄၀၀၀ မာရသွန် နဂါးလှေလှော်ပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံအသင်းက ပထမ ၊ မြန်မာနိုင်ငံအသင်းက ဒုတိယ နှင့် အိမ်ရှင်တရုတ်နိုင်ငံအသင်းတို့က တတိယဆုများ ရရှိခဲ့ကြသည်။
တရုတ်နိုင်ငံ ၊ ယွမ်လင်မြို့တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ၌ မြန်မာနိုင်ငံအသင်းက စက်တင်ဘာ ၂၅ရက်နေ့က ငွေတံဆိပ်တစ်ခု ၊ ၂၆ ရက်နေ့က ငွေတံဆိပ်တစ်ခု နှင့် ကြေးတံဆိပ် နှစ်ခု ၊ ယနေ့ ၂၇ ရက်နေ့တွင်လည် ငွေတံဆိပ် တစ်ခု ထပ်မံရရှိကာ စုစုပေါင်း ငွေတံဆိပ် ၃ခု နှင့် ကြေးတံဆိပ် ၂ခု ရရှိထားသည်။
ဆက်လက်၍ တရုတ်နိုင်ငံ ၊ ဟန်ကျိုးမြို့တွင်လည်း ၂၀၂၆ခုနှစ် ၊ စက်တင်ဘာ ၃၀ရက်နေ့မှ အောက်တိုဘာ ၃ရက်နေ့အထိ ကျင်းပမည့် ( world cup ) ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်လက်ရည်စစ်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ယွမ်လင်မြို့မှ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်းသိရှိရသည်။

