အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် အားကစားကွင်း/အားကစားရုံများသို့ နယ်မြေကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ ၁၉

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့အားကစားကဏ္ဍ ပိုမိုမြင့်တက်အောင် အထောက်အကူပြုနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးစောထွန်းအောင်နှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားရောက်၍ ဘားအံမြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရရုံမျာအား အဆင့်မြှင့်တင်တည်ဆောက်ခြင်းများ၊ ဘဏ္ဍာနှစ်များအလိုက် ထပ်တိုးတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် အားကစားကွင်း/အားကစားရုံ များသို့ နယ်မြေကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် လူမှုရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ဘားအံမြို့ နယ် လှာကမြင်ကွက်သစ်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ဇွဲကပင် ပွဲကြည့်စင်ပါ (Indoor Stadium ) အဆင့်မြင့်ရေကူးကန်နှင့် ဒိုင်ဗင်ကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်း/ အားကစားရုံများ အရည်အသွေးပြည့်မီကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်/စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် တည်‌ဆောက်ပြီးစီးမှုအခြေအနေများကို မိမိတို့ဝန်ကြီးဌာနမှ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့များ ဖွဲ့စည်း၍ ပေးပို့ထားသည့် မှတ်တမ်းများ၊ ဒီဇိုင်းပုံစံများနှင့် အရည်အသွေးများအတိုင်း ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပြီး မှတ်တမ်းများ စနစ်တကျထားရှိဆောင်ရွက်၍ ပြန်လည်တင်ပြပေးသွားရန် တာဝန်ရှိသူ များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အညီ မြန်မာ့အားကစားကဏ္ဍ ပိုမိုမြင့်မားလာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အားကစားရုံများအား အဆင့်မြှင့်တင် တည်ဆောက်ပေးနိုင်စေရေး၊ တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး တို့အတွက် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးတို့အတွက် အားကစားအခြေခံ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်အောင် လိုအပ် သည့် အားကစားပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် တိုက်တွန်း မှာကြားခဲ့ပြီးနောက် ဝန်ထမ်းမိသားစုများ သက်သာချောင်ချိစေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်သွန် စသည့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ် အမှတ် ၅ ရပ်ကွက်ရှိ YGN အားကစားရုံသို့လည်းကောင်း ဘားအံလူငယ်စင်တာနှင့် လှာကမြင်ကွက်သစ်ရှိ မိုးလုံလေလုံ အားကစားရုံသို့လည်းကောင်း သွားရောက်၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍ အားပေးအမှာစကားများ ပြောကြားခဲ့ပြီးနောက် ကရင်ဇုန်၌ ကျင်းပလျက် ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇွဲကပင်အားကစားတွင် အိမ်ရှင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။