![]()
၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊အမျိုးသား/အမျိုးသမီး အတိုက်ပြိုင်ပွဲများ၊ Kata ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ၊ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၃)ခုဖြင့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အမျိုးသားတံခွန်စိုက်ပထမဆုဖလား ဆွတ်ခူးရရှိ
နေပြည်တော်၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား အောင် ဆက်လက်ကြိုးစားအားထုတ် လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ” အား ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျပန်နိုင်ငံ KODOKAN JUDO INSTITUDE ကပေးအပ်ချီးမြှင့်သည့် ခါးစီးဒန်ရရှိသည့် ဂျူဒိုအားကစားသမား ၅ ဦးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား Nage-No-Kata ပြိုင်ပွဲ ပွဲစဉ်များ၊ အမျိုးသမီး Kata ပွဲစဉ်များ၊ တစ်ဦးချင်း အတိုက်ပွဲစဉ်များ ဖြစ်သည့် အမျိုးသား(-၆၆၊ -၅၅၊ -၉၀၊ -၆၀၊ -၇၃၊ -၈၁၊ +၁၀၀) ကီလိုတန်းပြိုင်ပွဲများ၊ အမျိုးသမီး(-၄၅၊ -၆၃၊ -၇၀၊ +၇၈၊ -၄၈၊ -၅၂၊ -၅၇)ကီလိုတန်းပြိုင်ပွဲများ၏ ပတ်လည်ပွဲစဉ်များ၊ ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသား(-၅၅၊ -၆၀၊ -၆၆၊ -၇၃၊ -၈၁၊ -၉၀၊ -၁၀၀၊ +၁၀၀) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသမီး(-၄၅၊ -၄၈၊ -၅၂၊ -၅၇၊-၆၃၊ -၇၀၊ +၇၈)ကီလိုတန်းပြိုင်ပွဲပတ်လည် ပွဲစဉ်များ၊ ရှုံးထွက် ပွဲစဉ်များ၊ တတိယလု ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားအတိုက်ပြိုင်ပွဲ(-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ဖြိုးမာန်နိုင်၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ထန်တန်ပုံ၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဟိန်းတေဇနှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ဣဇက်၊ (-၁၀၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အောင်ပိုင်ခန့်၊ ဒုတိယဆုရရှိသည့် အားကစား ရေးရာဝန်ကြီးဌာနအသင်းမှ ဇင်မင်းခန့်၊ တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇေယျသိင်္ခ၊ (-၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ထိုက်ထိုက်ကျော်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ နိုင်ဟိန်းထက်၊ တတိယဆုရရှိသည့် ကချင်ပြည်နယ် အသင်းမှ ဇွဲဇွဲအောင်နှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဝဏ္ဏထွန်း၊ (-၆၆) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ဆက်ပိုင်၊ ဒုတိယဆု ရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ကျော်ရွှေ၊ တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဇော်ပိုင်ထွန်းနှင့် ပူးတွဲတတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ စိုးနေဦး၊ (-၇၃) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စောမြတ် သံစဉ်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ လရောင်ရှန်၊ တတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝေရှန်မိုးနှင့် ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ထူးအံ့လင်း၊ (-၈၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ သန့်ဇင်ဝင်းအောင်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ချမ်းကိုကို၊ တတိယဆု ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အောင်သန့်ကျော်နှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ် အသင်းမှ စိုင်းဟုန်ဝမ်းဆိုင်၊ (-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာန အသင်းမှ ကျော်ခန့်စိုး၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ စထက်ဝေဖြိုး၊ တတိယ ဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ မုန်ဒူအောင်နှင့် ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သီဟ၊ (+၁၀၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ဇော်လင်းဖြိုး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ လင်းထက်ဦး၊ အမျိုးသမီး (-၄၅) ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ဆောင်ယုံ၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ဟန်နီလင်းလက်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ နန်းပပဇင်နှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ အိမ့်ဝတီစိုးနိုင်၊ (-၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ မေဇင်ဖြိုး၊ ဒုတိယ ဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ တင်ဇာမြင့်၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း မှ ယမင်းသူဇာလှိုင်နှင့် ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ခင်ပိုးပိုးအောင်၊ (-၅၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အိအိသဇင်ဇော်၊ ဒုတိယဆု ရရှိသည့် ကချင်ပြည်နယ်အသင်းမှ ဘန်တောမ်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းပြည့်ခိုင်နှင့် ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ဇင်လင်းမို၊ (-၅၇) ကီလိုတန်းပြိုင်ပွဲ တွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ပြည့်စုံအောင်၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ နော်မြတ်နိုးရွှေစင်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း မှ ခင်ထွေးထွေးအောင်နှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ငွေအိမ်စံ၊ (-၆၃)ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ထက်ထက်လင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ငုချယ်ရီဦး၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စန္ဒာဝင်းနှင့် ပူးတွဲတတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ပြည့်ဖူးသွယ်၊ (-၇၀)ကီလိုတန်းပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ တွယ်တာစိုး၊ ဒုတိယဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းမှ မြတ်ပန်းနွယ်၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ မေမြတ်မွန် နှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ စံပယ်နှင်း၊ (+၇၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ အေးအေးအောင်၊ ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ နန်းသဲနုနုစံကို၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ယွန်းဝတီစိုးနှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဝတ်ရည်ခိုင်၊ အမျိုးသား Nage-No-Kata ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာန အသင်းမှ လရောင်ရှန်နှင့်ကျော်ခန့်စိုးတို့အတွဲ၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းမှ သန်းထက်ဦးနှင့်သျှန်ကောင်းဆက်ပိုင်တို့အတွဲ၊ တတိယဆုရရှိသည့် ကယားပြည်နယ်အသင်းမှ ဖြိုးမာန်နိုင်နှင့်ဟိန်းဆက်တို့အတွဲနှင့် ပူးတွဲတတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စောမြတ်သံစဉ်နှင့် အောင်သန့်ကျော်တို့အတွဲ၊ အမျိုးသမီး Ju-No-Kata ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းမှ ပြည့်စုံအောင်နှင့်အိအိသဇင်ဇော်တို့အတွဲ၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ တင်ဇာမြင့်နှင့်ဆုရတနာတို့အတွဲ၊ တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ယွန်းသံသာအေးနှင့်ဖြိုးသက်လွင်တို့အတွဲနှင့် ပူးတွဲတတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ငုချယ်ရီဦးနှင့်ယမင်းသူဇာလှိုင်တို့အတွဲတို့အား တစ်ဦးချင်းဆုတံဆိပ် များနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ စောမြတ်သံစဉ်၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားရေးရာ ဝန်ကြီးဌာနအသင်းမှ ပြည့်စုံအောင်တို့အား Trophy၊ ငွေသားဆုများ၊ အမှတ်တရဂုဏ်ပြုလက်ဆောင် များနှင့် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ်(၇)ခုဖြင့် အမျိုးသား တံခွန်စိုက်တတိယဆုဖလားရရှိသည့် ကချင်ပြည်နယ်အသင်းအား အမျိုးသားတံခွန်စိုက် တတိယ ဆုဖလားနှင့် ငွေသားဆု ကျပ် ၃ သိန်းတို့ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း ကလည်းကောင်း၊ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၄)ခု၊ စုစုပေါင်း ဆုတံဆိပ်(၁၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒုတိယဆုဖလားရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား အမျိုးသားတံခွန်စိုက် ဒုတိယဆုဖလား၊ ငွေသားဆု ကျပ် ၅ သိန်းနှင့် ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၅)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၃)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ပထမဆုဖလားရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းအား အမျိုးသားတံခွန်စိုက်ပထမဆုဖလားနှင့် ငွေသားဆု ကျပ် ၁၀ သိန်းတို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။




