အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၉

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အမျိုးသား အတိုက် (ရှုံးထွက်)ပွဲစဉ်များအဖြစ် (-၃၈) ကီလိုတန်း ပြိုင်ပွဲတွင် သန်းထက်ဦး (နေပြည်တော်)က ဇင်ညီညီ (ပဲခူး)ကိုလည်းကောင်း၊ (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ရှိုင်းအောင်ခန့် (ရန်ကုန်)က မိုးယံဇွန် (တနင်္သာရီ)ကိုလည်းကောင်း၊ ထူးအံ့လင်း (ကယား)က လူမင်းကိုကို (မန္တလေး)ကိုလည်းကောင်း၊ (-၇၃)ကီလိုတန်းပြိုင်ပွဲတွင် စောမြတ်သံစဉ် (ကရင်)က သီဟဇော်(ရန်ကုန်) ကိုလည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲတွင် ထွန်းစက်ပိုင်(ဧရာဝတီ)က ဆန်းလင်းအောင်(ရှမ်း)ကို လည်းကောင်း၊ သန်းထက်ဦး (နေပြည်တော်)က ဖောင်ဂျီဒေါင်ဇယ်(ကချင်) ကိုလည်းကောင်း၊ အာကာဖြိုး(ချင်း)က လရောင်ဘုန်းပြည့်(မကွေး)ကိုလည်းကောင်း၊ မင်းမြတ်ဦး (ရန်ကုန်) က ရှိုင်းခန့်ပိုင်(မွန်)ကိုလည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် သုသျှင်းစဏ်(နေပြည်တော်)က အောင်ဘုန်းပြည့်(မန္တလေး)ကိုလည်းကောင်း၊ ထက်နေတိုး(ချင်း)က ဘုန်းသက်ခိုင်(ပဲခူး)ကိုလည်းကောင်း၊ (-၆၆) ကီလိုတန်းပြိုင်ပွဲတွင် ထူးခန့်ကျော် (ဧရာဝတီ)က ရှိုင်းအောင်ခန့် (ရန်ကုန်)ကိုလည်းကောင်း၊ သော်တာ လင်းလက်(ရှမ်း)က အောင်ခန့်ဦး(မွန်) ကိုလည်းကောင်း၊ ဂင်လင်းကိမ်း(ချင်း)က ဒါဝိတ်(ကချင်)ကို လည်းကောင်း၊ ကျော်ရွှေ(ရခိုင်)က ထူးအံ့လင်း (ကယား)ကိုလည်းကောင်း၊ (-၇၃)ကီလိုတန်းပြိုင်ပွဲတွင် စောမြတ်သံစဉ်(ကရင်)က ကောင်းမြတ်ကျော် (ဧရာဝတီ)ကိုလည်းကောင်း၊ အောင်ပြည့်စုံ(မွန်)က ညီနိုင်လင်း(ချင်း)ကိုလည်းကောင်း၊ စိုင်းကောင်းဆက် (ရှမ်း)က ဇေယျာမြတ်(တနင်္သာရီ)ကိုလည်းကောင်း၊ ဝေလျှံမိုး(မန္တလေး)က စိန်းလင်း(ရခိုင်)ကိုလည်းကောင်း၊ (+၈၁)ကီလိုတန်းပြိုင်ပွဲတွင် ဇေယျာသိင်္ခ (ရန်ကုန်) က မင်းဟိန်းခန့်(ရခိုင်)ကိုလည်းကောင်း၊ ဘုန်းမြင့်မြတ်(မကွေး)က မျိုးမင်း(ချင်း)ကိုလည်းကောင်း၊ (-၃၈) ကီလိုတန်းပြိုင်ပွဲတွင် ဖောင်ဂျီဒေါင်ဇယ် (ကချင်)က ဆန်းလင်းအောင်(ရှမ်း)ကိုလည်းကောင်း၊ ရှိုင်းခန့်ပိုင် (မွန်)က လရောင်ဘုန်းပြည့် (မကွေး)ကို လည်းကောင်း၊ (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ရှိုင်းအောင်ခန့် (ရန်ကုန်)က အောင်ခန့်ဦး(မွန်)ကိုလည်းကောင်း၊ ဒါဝိတ်(ကချင်)က ထူးအံ့လင်း(ကယားကိုလည်းကောင်း)၊ (-၇၃)ကီလိုတန်းပြိုင်ပွဲတွင် ကောင်းမြတ်ကျော် (ဧရာဝတီ)က ညီနိုင်လင်း(ချင်း)ကိုလည်းကောင်း၊ စိန်လင်း (ရခိုင်)က ဇေယျာမြတ်(တနင်္သာရီ)ကို လည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲတွင် ထွန်းဆက်ပိုင် (ဧရာဝတီ) က သန်းထက်ဦး(နေပြည်တော်)ကို လည်းကောင်း၊ မင်းမြတ်ဦး(ရန်ကုန်)က အာကာဖြိုး(ချင်း)ကိုလည်း ကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် သုသျှင်းစက်(နေပြည်တော်)က ထက်နေတိုး(ချင်း)ကိုလည်းကောင်း၊ (-၆၆)ကီလိုတန်းပြိုင်ပွဲ တွင်ထူးခန့်ကျော် (ဧရာဝတီ)က သော်တာလင်းလက်(ရှမ်း)ကိုလည်းကောင်း၊ ကျော်ရွှေ (ရခိုင်)က ဂင်လင်းကိမ်း(ချင်း) ကိုလည်းကောင်း၊ (-၇၃)ကီလိုတန်းပြိုင်ပွဲတွင် စောမြတ်သံစဉ် (ကရင်)က အောင်ပြည့်စုံ(မွန်)ကိုလည်းကောင်း၊ ဝေလျှံမိုး(မန္တလေး)က စိုင်းကောင်းဆက် (ရှမ်း)ကိုလည်း ကောင်း၊ (+၈၁)ကီလိုတန်းပြိုင်ပွဲတွင် လင်းထက်ဦး(နေပြည်တော်)က ဇေယျာသိင်္ခ(ရန်ကုန်)ကိုလည်း ကောင်း၊ အောင်ပိုင်ခန့် (ဧရာဝတီ)က ဘုန်းမြင့်မြတ်(မကွေး)ကိုလည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲတွင် အာကာဖြိုး(ချင်း)က ဖောင်ဂျီဒေါင်ဇယ် (ကချင်)ကိုလည်းကောင်း၊ ရှိုင်းခန့်ပိုင်(မွန်)က သန်းထက်ဦး (နေပြည်တော်)ကိုလည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ထက်နေတိုး(ချင်း)က အောင်ဘုန်းပြည့် (မန္တလေး)ကိုလည်းကောင်း၊ ရဲလင်းထွန်း(ရခိုင်)က ဘုန်းသက်ခိုင်(ပဲခူး)ကိုလည်းကောင်း၊ ရှိုင်းအောင်ခန့် (ရန်ကုန်)က ဂင်လင်းကိမ်း(ချင်း)ကိုလည်းကောင်း၊ ဒါဝိတ်(ကချင်)က သော်တာလင်းလက်(ရှမ်း)ကို လည်းကောင်း၊ ကောင်မြတ်ကျော်(ဧရာဝတီ)က စိုင်းကောင်းဆက်(ရှမ်း)ကိုလည်းကောင်း၊ စိန်းလင်း(ရခိုင်) က အောင်ပြည့်စုံ(မွန်)ကိုလည်းကောင်း၊ မင်းဟိန်းခန့်(ချင်း)က ဘုန်းမြင့်မြတ်(မကွေး)ကိုလည်းကောင်း၊ ဇေယျာသိင်္ခ(ရန်ကုန်)က မျိုးမင်း(ချင်း)ကိုလည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကျော်ရွှေ(ရခိုင်)က ထူးခန့်ကျော်(ဧရာဝတီ)ကိုလည်းကောင်း၊ စောမြတ်သံစဉ်(ကရင်)က ဝေလျှံမိုး(မန္တလေး)ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ အမျိုးသမီး (အတိုက်) ရှုံးထွက်ပွဲစဉ်များအဖြစ် (-၄၈) ကီလိုတန်းပြိုင်ပွဲတွင် ခင်ပိုးပိုး အောင် (မန္တလေး)က နန်းဖြူသဇင်ဝင်း(ဧရာဝတီ)ကိုလည်းကောင်း၊ နန်းချိုချိုအေး(ကရင်)က မြတ်နိုး ကေခိုင်(မကွေး)ကိုလည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲတွင် နှင်းဦးဝတ်ရည်(ရန်ကုန်)က ချယ်ရီမွန် (မန္တလေး)ကိုလည်းကောင်း၊ ခင်သူသူလင်း(ဧရာဝတီ)က ဝတ်မှုံအေးချမ်း(ရှမ်း)ကိုလည်းကောင်း၊ သင်းချယ်ရီ(နေပြည်တော်)က အိမ့်သဒ္ဒါချို(ချင်း)ကိုလည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် မိုးပြည့်ပြည့်ကျော်(ဧရာဝတီ)က ချစ်ယုထွေး(ရန်ကုန်)ကိုလည်းကောင်း၊ ဟန်နီလင်းလက်(ကယား)က ထက်ထက်မိုး(နေပြည်တော်)ကိုလည်းကောင်း၊ နန်းပပဇင်(မန္တလေး)က အိဖြူဇော်(စစ်ကိုင်း)ကိုလည်း ကောင်း၊ (-၄၈)ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးမိုးအောင်(မန္တလေး)က နန်းယူရီ(ရှမ်း)ကိုလည်းကောင်း၊ စီးစီးလျာ(ကယား)က စုယွန်းထက်(တနင်္သာရီ)ကိုလည်းကောင်း၊ တင်ဇာမြင့်(ကချင်)က လှသူဇာဝင်း (ပဲခူး)ကိုလည်းကောင်း၊ နန်းချိုချိုအေး(ကရင်)က ခင်ကံ့ကော်(နေပြည်တော်)ကိုလည်းကောင်း၊ (-၇၀) ကီလိုတန်းပြိုင်ပွဲ ပတ်လည်ပွဲစဉ်တွင် စံပယ်နှင်း(ရှမ်း)က မိုးမြင့်မေ(နေပြည်တော်)ကိုလည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွင် ဝတ်မှုံအေးချမ်း(ရှမ်း)က ချယ်ရီမွန်(မန္တလေး)ကိုလည်းကောင်း၊ ထက်ထက်မိုး(နေပြည်တော်)က အိဖြူဇော်(စစ်ကိုင်း)ကိုလည်းကောင်း၊ နန်းယူရီ(ရှမ်း)က စုယွန်းထက် (တနင်္သာရီ)ကိုလည်းကောင်း၊ လှသူဇာဝင်း(ပဲခူး)က ခင်ကံ့ကော်(နေပြည်တော်)ကိုလည်းကောင်း၊ (-၇၀)ကီလိုတန်းပြိုင်ပွဲ ပတ်လည်ပွဲစဉ်တွင် နှင်းယုဝေ(မန္တလေး)က မိုးမြင့်မေ(နေပြည်တော်)ကိုလည်း ကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် နှင်းဝတ်ရည်(ရန်ကုန်)က ခင်သူသူလင်း (ဧရာဝတီ)ကို လည်းကောင်း၊ သင်းချယ်ရီ(နေပြည်တော်)က ချီတာခေါင်နွယ်(ကချင်)ကို လည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ဆောင်ယုံ(ကချင်)က မိုးပြည့်ပြည့်ကျော်(ဧရာဝတီ)ကိုလည်းကောင်း၊ ဟန်နီလင်းလက်(ကယား)က နန်းပပဇင်(မန္တလေး)ကိုလည်းကောင်း၊ (-၄၈)ကီလိုတန်းပြိုင်ပွဲတွင် စီးစီးလျာ (ကယား)က ခင်မိုးမိုးအောင်(မန္တလေး)ကိုလည်းကောင်း၊ တင်ဇာမြင့်(ကချင်)က နန်းချိုချိုအေး(ကရင်)ကို လည်းကောင်း၊ (-၇၀)ကီလိုတန်းပြိုင်ပွဲ ပတ်လည်ပွဲစဉ်တွင် စံပယ်နှင်း(ရှမ်း)က နှင်းယုဝေ(မန္တလေး) ကိုလည်းကောင်း၊ (-၇၀)ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွင် တွယ်တာမိုး(ကယား)က နော်ဆွိဒီဇင်ထက် (ဧရာဝတီ)ကိုလည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် ချီတာခေါင်နွယ် (ကချင်)က ဝတ်မှုံးအေးချမ်း(ရှမ်း)ကိုလည်းကောင်း၊ ခင်သူသူလင်း(ဧရာဝတီ)က အိမ့်သဒ္ဒါချို(ချင်း)ကို လည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် နန်းပပဇင်(မန္တလေး)က ချစ်ယုထွေး(ရန်ကုန်)ကိုလည်းကောင်း၊ မိုးပြည့်ပြည့်ကျော်(ဧရာဝတီ)က ထက်ထက်မိုး(နေပြည်တော်)ကို လည်းကောင်း၊ (-၄၈)ကီလိုတန်းပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် နန်းမျိုးမျိုးအောင်(ကရင်)က နန်းယူရီ(ရှမ်း)ကိုလည်းကောင်း၊ လှသူဇာဝင်း(ပဲခူး)က ခင်းမိုးမိုးအောင်(မန္တလေး)ကိုလည်းကောင်း၊ (-၇၀) ကီလိုတန်းပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်များအဖြစ် နော်ဆွိဒီဇင်ထက်(ဧရာဝတီ)ကပြိုင်ဘက်မရှိဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (-၃၈)ကီလိုတန်းပြိုင်ပွဲတွင် သင်းချယ်ရီ (နေပြည်တော်)က နှင်းမိုးဝတ်ရည်(ရန်ကုန်) ကိုလည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ဆောင်ယုံ(ကချင်)က ဟန်နီလင်း လက်(ကယား)ကိုလည်းကောင်း၊ (-၄၈)ကီလိုတန်းပြိုင်ပွဲတွင် တင်ဇာမြင့်(ကချင်)က စီးစီးလျာ (ကယား) ကိုလည်းကောင်း၊ (-၇၀) ကီလိုတန်းပြိုင်ပွဲတွင် စံပယ်နှင်း(ရှမ်း)က တွယ်တာမိုး(ကယား)ကို လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အမျိုးသားအတိုက်ပြိုင်ပွဲ (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ကျော်ရွှေ(ရခိုင်)က ပထမ၊ ထူးခန့်ကျော် (ဧရာဝတီ)က ဒုတိယ၊ ရှိုင်းအောင်ခန့်(ရန်ကုန်)ကတတိယနှင့် ဒါဝိတ်(ကချင်)က ပူးတွဲတတိယတို့ကို လည်းကောင်း၊ (-၇၃)ကီလိုတန်းပြိုင်ပွဲတွင် စောမြတ်သံစဉ်(ကရင်)က ပထမ၊ ဝေလျှံမိုး(မန္တလေး)က ဒုတိယ၊ ကောင်းမြတ်ကျော်(ဧရာဝတီ)ကတတိယနှင့် စိန်လင်း(ရခိုင်)က ပူးတွဲတတိယတို့ကိုလည်း ကောင်း၊ (+၈၁)ကီလိုတန်းပြိုင်ပွဲတွင် လင်းထက်ဦး(နေပြည်တော်)က ပထမ၊ အောင်ပိုင်ခန့် (ဧရာဝတီ)က ဒုတိယ၊ မင်းဟိန်းခန့်(ရခိုင်)ကတတိယနှင့် ဇေယျာသိင်္ခ(ရန်ကုန်)က ပူးတွဲတတိယတို့ကို လည်းကောင်း၊ (-၃၈)ကီလိုတန်းပြိုင်ပွဲတွင် မင်းမြတ်ဦး(ရန်ကုန်)က ပထမ၊ ထွန်းဆက်ပိုင်(ဧရာဝတီ)က ဒုတိယ၊ အာကာဖြိုး (ချင်း)ကတတိယနှင့် ရှိုင်းခန့်ပိုင်(မွန်)က ပူးတွဲတတိယတို့ကိုလည်းကောင်း၊ (-၄၅)ကီလိုတန်းပြိုင်ပွဲတွင် ဟိန်းတေဇ(ရန်ကုန်)က ပထမ၊ သုသျှင်းစက်(နေပြည်တော်)က ဒုတိယ၊ ထက်နေတိုး(ချင်း)ကတတိယနှင့် ရဲလင်းထွန်း(ရခိုင်)က ပူးတွဲတတိယတို့ကိုလည်းကောင်း အသီးသီး ရရှိခဲ့သည်။

ယမန်နေ့ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး )Nage-No -Kata (Women) ပြိုင်ပွဲ၊ Nage-No -Kata (Men) ပြိုင်ပွဲ၊ Ju-No -Kata (Men) ပြိုင်ပွဲ၊ Ju-No -Kata (Women) ပြိုင်ပွဲများ၊ ယနေ့ကျင်းပသည့် ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (-၃၈၊ -၄၅၊ – ၆၆၊ -၇၃၊ +၈၁) ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီး (-၃၈၊ -၄၅၊ -၄၈၊ -၇၀) ကီလိုတန်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ထွေးဦး၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) အတိုက်ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။