အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ စတင်ကျင်းပ

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အတိုက်ပွဲစဉ်များအဖြစ် အမျိုးသား (+၈၁)ကီလိုတန်း ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် ကျော်သန်းဦး(ရခိုင်)က ဇင်ပိုင်ဖြိုး (ချင်း)ကိုလည်းကောင်း၊ အောင်သက်ကျော် (ဧရာဝတီ)က ဖိုးလပြည့်(မွန်)ကိုလည်းကောင်း၊ ကျော်သန်းဦး(ရခိုင်)က သီဟ (ရန်ကုန်)ကိုလည်းကောင်း၊ စိုင်းဟုမ်ဝမ်းဆိုင်(ရှမ်း)က ဘုန်းမြင့်ကျော်(မကွေး)ကိုလည်းကောင်း၊ မြတ်သောမောင်(စစ်ကိုင်း)က အောင်ပြည့်စုံ(မန္တလေး)ကိုလည်းကောင်း၊ ဖိုးလပြည့်(မွန်)က သီဟ(ရန်ကုန်)ကိုလည်းကောင်း၊ ဘုန်းမြင့်ကျော် (မကွေး)က အောင်ပြည့်စုံ(မန္တလေး)ကိုလည်းကောင်း၊ အောင်သက်ကျော်(ဧရာဝတီ)က ကျော်သန်းဦး (ရခိုင်)ကိုလည်းကောင်း၊ စိုင်းဟုမ်ဝမ်းဆိုင်(ရှမ်း)က မြတ်သောမောင် (စစ်ကိုင်း)ကိုလည်း ကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် သီဟ(ရန်ကုန်)က မြတ်သောမောင်(စစ်ကိုင်း)ကိုလည်းကောင်း၊ အောင်ပြည့်စုံ (မန္တလေး)က ကျော်သန်းဦး(ရခိုင်)ကိုလည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် အောင်သက်ကျော်(ဧရာဝတီ)က စိုင်းဟုမ်ဝမ်းဆိုင်(ရှမ်း)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အမျိုးသား (+၈၁)ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အောင်ကျော်သက် က ပထမ၊ ရှမ်းပြည်နယ်အသင်းမှ စိုင်းဟုမ်ဝမ်းဆိုင်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မြတ်သောမောင်က တတိယ၊ ရခိုင်ပြည်နယ်အသင်းမှ ကျော်သန်းဦးက ပူးတွဲတတိယတို့ဖြင့် အသီးသီး ရရှိခဲ့သည်။

အလားတူ အမျိုးသမီး(+၇၀) ကီလိုတန်းပြိုင်ပွဲ ပတ်လည်ပွဲစဉ်များအဖြစ် နော်ဒါးပုလဲဝါး (ကရင်)က သိင်္ဂီရွှေစင်(ရှမ်း)ကိုလည်းကောင်း၊ ရှုံးထွက်ပွဲစဉ်များအဖြစ် အေးသန္တာအောင်(တနင်္သာရီ)က သီရိနန်းအေး (နေပြည်တော်)ကိုလည်းကောင်း၊ ယွန်းဝတီစိုး(ရန်ကုန်)က သိင်္ဂီရွှေစင်(ရှမ်း)ကိုလည်းကောင်း၊ ယွန်းဝတီစိုး (ရန်ကုန်)က နော်ဒါးပုလဲဝါး(ကရင်)ကိုလည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် သိင်္ဂီရွှေစင် (ရှမ်း)က သီရိနန်းအေး(နေပြည်တော်)ကိုလည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ယွန်းဝတီစိုး(ရန်ကုန်)က အေးသန္တာအောင် (တနင်္သာရီ)ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အမျိုးသမီး(+၇၀) ကီလိုတန်းပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ယွန်းဝတီစိုးက ပထမ၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ အေးသန္တာအောင်က ဒုတိယ၊ ရှမ်းပြည်နယ်အသင်းမှ သိင်္ဂီရွှေစင် တတိယ၊ ကရင် ပြည်နယ်အသင်းမှ နော်ဒါးပုလဲဝါးမှ ပူးတွဲတတိယတို့ဖြင့် အသီးသီး ရရှိခဲ့သည်။

Nage-No -Kata (Women) ပြိုင်ပွဲ ပွဲစဉ်တွင် ကချင်ပြည်နယ်အသင်းမှ ဆောင်ယုံနှင့်မေဇင်ဖြိုး တို့အတွဲက ရမှတ် ၄၁၇ က ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ခင်ထွေးထွေးအောင်နှင့်ဝင်းပြည့်ခိုင် တို့အတွဲက ရမှတ် ၃၇၇ မှတ်ဖြင့် ဒုတိယ၊ ကယားပြည်နယ်အသင်းမှ နှင်းအိဝေနှင့် ဇင်လင်းမိုတို့အတွဲက ရမှတ် ၃၇၁.၅ မှတ်ဖြင့် တတိယ၊ ရှမ်းပြည်နယ်အသင်းမှ ငွေအိမ်စံနှင့် အေးမြတ်မွန်တို့အတွဲက ရမှတ် ၃၃၇ မှတ်ဖြင့် ပူးတွဲတတိယတို့ အသီးသီး ရရှိခဲ့သည်။

Nage-No -Kata (Men) ပြိုင်ပွဲ ပွဲစဉ်တွင် ကချင်ပြည်နယ်အသင်းမှ ဂျူနီယာခေါင်လွမ်းနှင့် ကျော်ထက်နိုင်တို့အတွဲက ရမှတ် ၄၃၂.၅ မှတ်ဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျော်ဆုဟိန်း နှင့် ခိုင်ခန့်တို့အတွဲက ရမှတ် ၄၂၁ မှတ်ဖြင့် ဒုတိယ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ သန်းထိုက်ဦးနှင့် ရှန်ကောင်းဆက်ပိုင်တို့အတွဲက ရမှတ် ၄၀၆.၂ မှတ်ဖြင့် တတိယ၊ ကယားပြည်နယ် အသင်းမှ ဖြိုးမာန်နိုင်နှင့် ဟိန်းဆက်တို့အတွဲက ရမှတ် ၃၉၅ မှတ်ဖြင့် ပူးတွဲတတိယတို့ အသီးသီး ရရှိခဲ့ သည်။

Ju-No -Kata (Men) ပြိုင်ပွဲ ပွဲစဉ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း မှ အောင်ကောင်းသက်နှင့် ဟိန်းဝဏ္ဏဘုန်းပြည့်တို့အတွဲက ရမှတ် ၄၀၅.၂ မှတ်ဖြင့် ပထမ၊ ကယား ပြည်နယ်အသင်း(A)မှ ကျော်ရဲဝင်းနှင့် မျိုးဝေကျော်တို့အတွဲက ရမှတ် ၃၇၉.၅ မှတ်ဖြင့် တတိယ၊ ရခိုင် ပြည်နယ်အသင်းမှ မင်းဇော်ဟိန်းနှင့် စိန်လင်းတို့အတွဲက ရမှတ် ၁၉၂.၂၅ မှတ်ဖြင့် ပူးတွဲတတိယတို့ အသီးသီး ရရှိခဲ့သည်။

Ju-No -Kata (Women) ပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အိမ့်ချစ်ဆုစံနှင့် နှင်းဦးဝတ်ရည်တို့အတွဲက ရမှတ် ၄၁၆.၅ မှတ်ဖြင့် ပထမ၊ ကချင်ပြည်နယ်အသင်းမှ တင်ဇာမြင့်နှင့် ဆုရတနာတို့အတွဲက ရမှတ် ၄၁၄.၃ မှတ်ဖြင့် ဒုတိယ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ယွန်းသံသာအေးနှင့် ဖြိုးသက်လွင်တို့အတွဲက ရမှတ် ၃၈၉ မှတ်ဖြင့် တတိယ၊ ကယားပြည်နယ်အသင်းမှ စီစီးလျာနှင့် ဟန်နီလင်းလက်တို့အတွဲက ရမှတ် ၃၈၆.၅ မှတ်ဖြင့် ပူးတွဲ တတိယတို့ အသီးသီး ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အမျိုးသား (-၃၈၊ -၄၅၊ – ၆၆၊ -၇၃၊ +၈၁) ကီလိုတန်းပြိုင်ပွဲ ပတ်လည်ပွဲစဉ်၊ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ အမျိုးသမီး (-၃၈၊ -၄၅၊ -၄၈၊ -၇၀) ကီလိုတန်းပတ်လည် ပွဲစဉ်များ၊ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။