![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၂) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၂၅
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်(၉:၀၀) နာရီအချိန်မှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရှမ်းပြည်နယ် အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်း ကောင်း၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ ပိုက်ကျော်ခြင်း အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ (အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်းနှင့် ရခိုင် ပြည်နယ်အသင်း၊ (အမျိုးသမီး)အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ် အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ရခိုင် ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


