အားကစားရေးရာဝန်ကြီးဌာန

Loading

အာဆီယံ – ဂျပန် နည်းပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန်ပြည်ပထွက်ခွာ

ရန်ကုန် ၊ ဩဂုတ် ၂၄

မလေးရှားနိင်ငံ ၊ ပူထရာဂျာရာမြို့တွင် ၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက်ထိ ကျင်းပပြုလုပ်မည့် အာဆီယံ – ဂျပန်နည်းပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ဦးဆောင်၍ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်တို့သည် ယနေ့ နံနက် ၈နာရီ အချိန်က လေယာဉ်အမှတ် ( 8M 503 ) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ မလေးရှားနိုင်ငံ သို့ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။