အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနား

မော်လမြိုင် ၊ ဩဂုတ်လ ၂၁

၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၁၉) နှစ်အောက် ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ မွန်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဥက္ကဌ ဒေါ်စိုးစိုးအိ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်များ ၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ၊ သူနာပြုသိပ္ပံ(မော်လမြိုင်) ၊ သားဖွားသင်တန်းကျောင်း ၊ ပညာရေးဒီဂရီကောလိပ် ၊ အားကစား နှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)နှင့် အခြေခံကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

ယနေ့ ၁၅:၀၀ နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသော ကျိုက်မရောမြို့နယ် အသင်းနှင့် ဘီးလင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျိုက်မရောမြို့နယ်အသင်းမှ (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ တဆက်တည်းမှာဘဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပထမဆု ရရှိသော ကျိုက်မရောမြို့နယ် အသင်းအား တစ်ဦးချင်းဆု ၊ ငွေသားဆု ကျပ်(၂၀)သိန်းနှင့် တံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းမှ လည်းကောင်း ၊ ဒုတိယဆုရရှိသော ဘီးလင်းမြို့နယ် အသင်းအား တစ်ဦးချင်းဆု နှင့် ငွေသားဆုကျပ် (၁၀)သိန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် မှလည်းကောင်း ၊ ပူးတွဲတတိယဆု ရရှိသော ရေးမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကျပ် (၇)သိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ မှ လည်းကောင်း ၊ ပူးတွဲတတိယဆု ရရှိသော သထုံမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကျပ် (၇)သိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မှ လည်းကောင်း ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသော ကျိုက်မရောမြို့နယ်အသင်းမှ ကျောနံပါတ် (၁၀) မနီနီအောင် အား ဆုကလပ်နှင့် ငွေသားဆု ကျပ်(၁)သိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးမျိုးမင်းလှိုင်မှလည်းကောင်း ၊ အကောင်းဆုံး ရှေ့တန်းဆု ရရှိသော ကျိုက်မရောမြို့နယ်အသင်းမှ ကျောနံပါတ် (၉) နန်းမုကျွန်း ခလိတ် အား ဆုကလပ်နှင့် ငွေသားဆု ကျပ်(၁)သိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း မှလည်းကောင်း ၊ အကောင်းဆုံးအလယ်တန်းဆု ရရှိသော ဘီးလင်းမြို့နယ်အသင်းမှ ကျောနံပါတ် (၁၀) မသဲဆုလွင် အား ဆုကလပ်နှင့် ငွေသားဆု ကျပ်(၁)သိန်းကို မွန်ပြည်နယ် အစိုးရအဖွဲ့ ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်း မှလည်းကောင်း ၊ အကောင်းဆုံးနောက်တန်းဆု ရရှိသော သထုံမြို့နယ်အသင်းမှ ကျောနံပါတ် (၁၂) မရွှေဇင်ဖြိုးအား ဆုကလပ်နှင့် ငွေသားဆု ကျပ်(၁)သိန်း ကို မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းမှ လည်းကောင်း ၊ အကောင်းဆုံး ဂိုးသမားဆု ရရှိသော သထုံမြို့နယ်အသင်းမှ ကျောနံပါတ်(၁၈) နော်ဇင်မိုးနွယ် အား ဆုတံဆိပ်နှင့် ကျပ် (၁)သိန်းအား မွန်ပြည်နယ်အမျိုးသမီးအားကစားသမီးအဖွဲ့ ဥက္ကဌ ဒေါ်စိုးစိုးအိ မှ လည်းကောင်း ၊ ဗိုလ်လုပွဲနေ့တွင် အကောင်းဆုံးဆုရရှိသော ကျိုက်မရောမြို့နယ် အသင်းမှ ကျောနံပါတ် (၉) နန်းမုကျွန်းခလိတ် အား ငွေသားဆု ကျပ် (၅)သောင်း ကို မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦး မှ လည်းကောင်း ဆုများကို ချီးမြှင့် ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပထမဆုရရှိသောအသင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။