အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မန္တလေး၊ ဩဂုတ် ၁၈

၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို (၁၇.၈.၂၀၂၆)ရက်နေ့၊ ညနေ(၃:၃၀) အချိန်တွင် အောင်မြေမန္တလာကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။

ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရမည်းသင်းခရိုင်အသင်းနှင့် ကျောက်ဆည်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပွဲချိန်အတွင်း နှစ်ဂိုးစီသရေကျခဲ့သဖြင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ကျောက်ဆည်ခရိုင် အသင်းမှ သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ရာ နေရာအလိုက် အကောင်းဆုံးအားကစားသမားများကို တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ အစိုးရအဖွဲ့ဝန်ကြီးများမှ ဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ခဲ့ပြီး တတိယဆုရရှိခဲ့သည့်ပြင်ဦးလွင်ခရိုင်အသင်းကို ဂုဏ်ပြုဆုကြေးငွေကျပ် (၁၀)သိန်း၊ တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမှ(၅)သိန်း၊ ဒုတိယဆုရရှိခဲ့သည့် ရမည်းသင်းခရိုင်အသင်းကို ဂုဏ်ပြုဆုငွေကျပ် (၁၅)သိန်း တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌမှ(၈)သိန်း နှင့် ပထမဆု ရရှိခဲ့သည့် ကျောက်ဆည် ခရိုင်အသင်းကို သိန်း(၂၀)၊ တိုင်းဒေသကြီး‌ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမှ (၁၀)သိန်း စသည်ဖြင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌတို့မှ အသီးသီး ဆုများကို ချီးမြှင့်ခဲ့ပါသည်။

ထိုနောက် ပထမတံခွန်စိုက်ဆု ရရှိခဲ့သည့် ကျောက်ဆည်ခရိုင်အသင်းကို ဝန်ကြီးချုပ်မှ ပထမတံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။