![]()
၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ စတင်ကျင်းပ
ရန်ကုန် ၊ ဩဂုတ် ၁၃
မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပ ခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို (ဂ အဆင့်) ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့သည်။
အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆန်းနိုင်ဌေး(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ကျော်ကျော်ဌေး (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကျော်ကျော်ဌေး (အပြာ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရန်ပိုင်ဦး(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ မင်းဘုန်းမြင့်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ မင်းဘုန်းမြင့် (အပြာ)ကလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ဖိုးသဲ(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခေါဆောင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဖိုးသဲ(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို လူသစ်တန်း ပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ စောချစ်ရအောင်(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဖြိုးမင်းသန်း (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဖြိုးမင်းသန်း(အပြာ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သန့်ဇင်ပိုင်(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လင်းသူရအောင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ လင်းသူရအောင်(အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ နော်ဆိုင်းမော်(အနီ)နှင့် ပြည်ထောင်စု နယ်မြေနေပြည်တော်အသင်းမှ ထက်လင်းစံ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ထက်လင်းစံ(အပြာ)ကလည်းကောင်း၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရန်မျိုးအောင်(အနီ)နှင့် ကယားပြည်နယ်အသင်းမှ မာတေးအူ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ရန်မျိုးအောင်(အနီ)ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စောသမှူး(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အောင်ထက်ကို (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အောင်ထက်ကို (အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ နိုင်ထက်ဦး (အနီ)နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သော်စော(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ နိုင်ထက်ဦး (အနီ)ကလည်းကောင်း၊ အမျိုးသား ၆ဝ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ သန်းဇော်ဦး(အနီ)နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ လွင်မင်းထင် (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ သန်းဇော်ဦး(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စောဟုပ်ဂွိုင်းလင်း(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ စောပစောဖော (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောပစောဖော(အပြာ)ကလည်းကောင်း၊ ကယားပြည်နယ်အသင်းမှ ထွန်းထွန်းနိုင်(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ထန်ခန့်ထွန်း(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ထွန်းထွန်းနိုင်(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၇ ကီလို (ဂ အဆင့်) ပြိုင်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီးအသင်းမှ ဒွေးကို(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ချစ်ကိုနိုင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဒွေးကို(အနီ)ကလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဇင်မင်းစိုး(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ဝိုင်းချစ်ထွန်း(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဝိုင်းချစ်ထွန်း(အပြာ)ကလည်းကောင်း၊ ကရင် ပြည်နယ်အသင်းမှ စောစိုးဒို့(အနီ)နှင့် ကချင်ပြည်နယ်အသင်းမှ သန့်ဇင်ဖြိုး(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောစိုးဒို့(အနီ)ကလည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။
ဩဂုတ်လ ၁၄ ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို (ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၃.၅ ကီလို(ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ဩဂုတ်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိသိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ပြိုင်ပွဲကာလ ၈ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


