![]()
SHAN FUTSAL LEAGUE 2026 ကျင်းပပြုလုပ်နိုင်ရေးနှင့် ဖူဆယ်အားကစားရုံ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေး
တောင်ကြီး၊ ဩဂုတ် ၁၃
အားကစားရေးရာဝန်ကြီးဌာန၏ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ရည်မှန်းချက် / မျှော်မှန်းချက်များအတိုင်း လမ်းညွှန်ချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်ဖူဆယ်အားကစားအဆင့်အတန်းပိုမိုတိုးတက်လာစေရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း သည် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း လိုက်ပါလျက် ၁၂ – ၈ – ၂၀၂၆ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် SHAN FUTSAL LEAGUE 2026 (ပထမအကြိမ်) ကျင်းပပြုလုပ်နိုင်ရေးနှင့် ၂၀၂၅ – ၂၀၂၆ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ဖူဆယ်အားကစားရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်နိုင်ရေးတို့အတွက် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရကာဆက်လက်ပြီး ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည်အားကစားလောကပိုမိုတိုးတက်လာစေရေးတို့ကို အလေးထားကာ လုပ်ဆောင်နေချိန်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အားကစားရုံအဝင်လမ်းသန့်ရှင်းရေးအား သေချာစွာပြန်လည်ပြုလုပ်ထားရန် ၊အားကစားကွင်းအမြဲတမ်းစိမ်းလန်းစိုပြေစေရေးအတွက် ရေလုံလောက်မှု ရရှိရန် စက်ရေတွင်းတူးဖော်နေမှုမှာ သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် ၊ မိုးရာသီဖြစ်တာနဲ့အညီ မြက်ရိုင်းများကိုရှင်းလင်းထားရန်တို့လိုအပ်ကာ အဆိုပါအားကစားရုံအား ဒေသခံမြို့မိမြို့ဖများမှလည်းဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးသွားရန်လိုအပ်ပါကြောင်း ၊ သန့်ရှင်းရေးများအထူးကောင်းမွန်အောင်ပြုလုပ်စေလိုပါကြောင်း နှင့် အားကစားရုံပတ်ချာလည်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ရှေ့ဆက်ပြီးလိုအပ်သည်များကိုလည်းပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားကာ တပြိုင်နက်ထဲမှာဘဲ ပြည်နယ်ညွှန်ကြားရေးမှူးမှ အားကစားကွင်းအတွင်းရှိ နေ့စားအစောင့်ဝန်ထမ်းအား ဝိုင်းဝန်းကူညီပေးသွားရန်မှာကြားသွားခဲ့ကြောင်း သိရှိခဲ့ရပါသည်


