![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော 5 x 5 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲသို့တက်ရောက် (၈-၈-၂၀၂၆)
နေပြည်တော်၊ ဩဂုတ် ၈
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘော 5 x 5 (အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၁၁၁ မှတ် ၅၁ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ် ၇၅ မှတ် ၇၀ မှတ်ဖြင့်လည်းကောင်း၊ 5 x 5 (အမျိုးသမီး) အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ် ၆၃ မှတ် ၄၅ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၆၄ မှတ် ၆၀ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး 3 x 3 (Court-A) အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် အုပ်စုပတ်လည်ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ရမှတ် ၂၂ မှတ် ၁၀ မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၁၈ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၂၂ မှတ် ၁၄ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း အသင်းက ကယားပြည်နယ်ဒေသကြီးအသင်းကို ရမှတ် ၂၀ မှတ် ၁၀ မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၈ မှတ် ၇ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ် ၂၂ မှတ် ၉ မှတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ရမှတ် ၂၁ မှတ် ၁၄ မှတ်ဖြင့်လည်းကောင်း၊ 3 x 3 (Court-A) အမျိုးသား ကွားတားဖိုင်နယ်ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို ရမှတ် ၁၈ မှတ် ၁၇ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်း ဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၁၄ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၂၁ မှတ် ၁၃ မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရန်ကုန် တိုင်းဒေသကြီးအသင်းကို ရမှတ် ၁၄ မှတ် ၁၀ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၁၁ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ် ၂၁ မှတ် ၁၃ မှတ်ဖြင့်လည်းကောင်း၊ 3 x 3 (Court-A) အမျိုးသား တတိယလုပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၉ မှတ်ဖြင့်လည်းကောင်း၊ 3 x 3 (Court-A) အမျိုးသားဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၂၁ မှတ် ၁၇ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ 3 x 3 (Court-B) အမျိုးသမီးအသင်းပြိုင်ပွဲများအဖြစ် မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ် ၇ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ် ၁၁ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၁၁ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်း ကို ရမှတ် ၁၃ မှတ် ၁၂ မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၁၆ မှတ် ၆ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၃ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၈ မှတ် ၂ မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် ၁၉ မှတ် ၂ မှတ်ဖြင့်လည်းကောင်း၊
3 x 3 (Court-B) အမျိုးသမီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ် ၁၇ မှတ် ၁၃ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၈ မှတ် ၁၆ မှတ်ဖြင့်လည်းကောင်း၊ 3 x 3 (Court-B) အမျိုးသမီး တတိယလုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ရမှတ် ၁၆ မှတ် ၅ မှတ်ဖြင့်လည်းကောင်း၊ 3 x 3 (Court-B) အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရမှတ် ၁၄ မှတ် ၁၀ မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် 5 x 5 (အမျိုးသမီး)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ မွန်းလွဲ ၃ နာရီတွင် ဘတ်စကက်ဘော 5 x 5 (အမျိုးသား)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

