![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ (၅-၈-၂၀၂၆)
နေပြည်တော်၊ ဩဂုတ် ၅
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဖူဆယ် ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)အုပ်စုပတ်လည်ပွဲစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းကို (၁၀)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို (၂၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၁၉)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ အားကစားရေးရာ ဝန်ကြီးဌာနအသင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအသင်းကို (၄)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၄)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား
စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


