အားကစားရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် ကလောမြို့နယ် အားကစားကွင်း / အားကစားရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သြဂုတ်လ ၅ ရက်၊ အောင်ပန်း / ကလောမြို့

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ကလောမြို့နယ် (အောင်ပန်းအားကစားကွင်း)နှင့် အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များကို တာဝန်ခံအားကစားမှူးကတင်ပြဆောင်ရွက်ရာ အောင်ပန်းအားကစားရုံအတွင်း ဘော်လီဘောအားကစားနည်းအခင်း ၊ ဖူဆယ်အားကစားနည်းအခင်း ၊ ဘတ်စကက်ဘောအားကစားနည်းအခင်းတို့အားတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကာ ဒုတိယဝန်ကြီးမှ ဆက်လက်လမ်းညွှန်မှာကြားရာတွင် လာမည့်နှစ်ဘတ်ဂျတ်တွင် အားကစားကွင်းပြေးလမ်းအား ရုပ်လုံးပေါ်အောင် မြေညှိပြုပြင်ခြင်းများ ၊ ဝန်ထမ်းအင်အားနည်းပါးသောကြောင့် ဒေသခံများအားရှာဖွေ၍ ခန့်ထားဆောင်ရွက်ပေးနိုင်ရေး ၊ ယခုနှစ်ဘတ်ဂျတ်တွင် ဆောင်ရွက်မည့် အားကစားကွင်းမြက်စိုက်ခြင်း လုပ်ငန်းမစတင်မီ မြေသားမြှင့်တင်ဆောင်ရွက်စေလိုပါကြောင်း ၊ အားကစားကွင်းအဝင် ရေနုတ်မြောင်းပြုလုပ်ရန်အတွက်လည်း လာမည့် ဘတ်ဂျတ်တွင်ထည့်သွင်းလျာထားသွားစေလိုပါကြောင်း ၊ လက်ဝှေ့အားကစားနည်းအတွက် အခင်းပြားများအား သက်ဆိုင်ရာတာဝန်ခံများထံချိတ်ဆက်၍ ရရှိစေရန် ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိခဲ့ကာယ ဆက်လက်ပြီး ကလောမြို့နယ်အားကစားကွင်းမြက်စိုက်ခြင်းလုပ်ငန်းမစတင်မီ လုပ်ငန်းလုပ်ဆောင်မည့် အားကစားကွင်းအား စစ်ဆေးကြည့်ရှုခဲ့ရာ မြက်ခင်းပြင်အား သတ်မှတ်အရည်အသွေးမီ စိုက်ပျိုးသွားရန် ၊ ပြေးလမ်းအားပြန်လည်ပြုပြင်မွမ်းမံသွားရန် ၊ ရေစိမ့်လွှာများဖြင့် ပြုလုပ်သွားရန် ၊ ကြက်တောင်အားကစားနည်းလေ့ကျင့်သင်ကြားနေမှုနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရရှိစေရန် ရေတို ၊ ရေရှည် စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း အစရှိသည်တို့ကိုမှာကြားသွားကာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အဆောက်အဦများ ရေရှည်တည်တံ့စေရေးနှင့်အားကစားကွင်း ဥပဓိရုပ် ကောင်းမွန်စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြား‌ခဲ့ပြီး နေပြည်တော်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရှိခဲ့ရပါသည်။