အားကစားရေးရာဝန်ကြီးဌာန

Loading

အာရှအိုလံပစ်ကောင်စီ၏ Special Project အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၁

အားကစားရေးရာဝန်ကြီးဌာန(MOSA)၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ(MOC)နှင့် အာရှ အိုလံပစ်ကောင်စီ(OCA)တို့ပူးပေါင်းဖွင့်လှစ်သည့် ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ် ဆက်ဆံရေး ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း Strengthening International Communication Skills For Staff သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလဲပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ သင်တန်းသား/သင်တန်းသူများက English Language is Useful For Staff in The Sports Industry Too ခေါင်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ရုံးအဖွဲ့မှူး၊ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးတို့အား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်း နည်းပြများဖြစ်ကြသည့် ဒေါ်သီရိလွင်နှင့် ဦးအောင်မြတ်ကိုကိုတို့ ၂ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သင်တန်းသား/သင်တန်းသူများ၏ သင်တန်းကာလတစ်လျှောက် လှုပ်ရှား ဆောင်ရွက်ခဲ့မှုများ၏ အမှတ်တရ Video Clip အား ပြသခဲ့ပြီးနောက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအကြံပေး၊ ဒုတိယအမြဲတမ်းအတွင်းဝန်(ငြိမ်း) ဦးကျော်ဆန်းက သင်တန်းတွင် တတိယဆုရရှိသည့် စီမံ/ဘဏ္ဍာဌာနခွဲမှ ဦးကံကောင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် အား/ပညာဌာနခွဲမှ ဒေါ်နှင်းအိလွင်အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၅ သိန်းကိုလည်းကောင်း၊ ပထမဆုရရှိသည့် အားကစား/ဆေးဘက်ဌာနခွဲမှ ဒေါ်ဖြိုးပပဝင်း အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဝန်ထမ်းများအတွက် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်း Strengthening International Communication Skills For Staff သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်သီရိလွင်နှင့် ဦးအောင်မြတ်ကိုကိုတို့ ၂ ဦးက သင်တန်းသား/ သင်တန်းသူ ၂၇ ဦးတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းကာလ (၂၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။