![]()
၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား / အမျိုးသမီး ကရာတေးဒိုပြိုင်ပွဲ ပွဲစဥ်များ ယှဥ်ပြိုင်ကစား
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြန်မာ့ကရာတေးဒိုအားကစားအဆင့်အတန်းတိုးတက်လာစေရေးနှင့်တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးကို အလေးထားဆောင်ရွက်ရည်ရွယ်ကာ ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/ အမျိုးသမီး ကရာတေးဒိုပြိုင်ပွဲကို ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ၁၅.၇.၂၀၂၆ရက်နေ့ မှ ၁၇.၇.၂၀၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ ဝင်ရောက်ယှဥ်ပြိုင်ရာ ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား/အမျိုးသမီးကရာတေးဒိုအသင်းအနေဖြင့် အမျိုးသား -60kg ကုမိတဲ့ပြိုင်ပွဲ၌ မောင်ကောင်းခန့်ဦးက ပထမ ရွှေတံဆိပ် (၁)ခု ၊ အမျိုးသား + အမျိုးသမီး အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲ၌ ရှမ်းပြည်နယ်အသင်းက ပထမ ရွှေတံဆိပ် (၁)ခု ၊ အမျိုးသမီး တစ်ဦးချင်း ခတပြိုင်ပွဲ၌ မယွန်းမြတ်နိုးက တတိယ ကြေးတံဆိပ် (၁)ခု ၊ အမျိုးသမီး အသင်းလိုက် ခတပြိုင်ပွဲ၌ ရှမ်းပြည်နယ်အသင်းက တတိယ ကြေးတံဆိပ် (၁)ခု ၊ အမျိုးသား -67kg ကုမိတဲ့ပြိုင်ပွဲ၌ မောင်အောင်ရဲဟိန်းက တတိယ ကြေးတံဆိပ်(၁)ခု ၊ စုစုပေါင်း ရွှေတံဆိပ်(၂)ခု ၊ ကြေးတံဆိပ်(၃)ခုတို့ရရှိခဲ့ပြီး ယခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲ၌ အမျိုးသား အကောင်းဆုံးအားကစားသမားဆုကို ရှမ်းပြည်နယ်က မောင်ကောင်းခန့်ဦးက ရရှိခဲ့ပြီး ရှမ်းပြည်နယ်အသင်းအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲတွင် အဆင့်(၃)ရရှိခဲ့ပါကြောင်းသိရှိခဲ့ရကာ ရှမ်းပြည်နယ်အတွင်းရှိ ကရာတေးဒိုအားကစားဝါသနာရှင်မိဘပြည်သူများသိရှိနိုင်ပါကြောင်းအသိပေးတင်ပြအပ်ပါသည်။


