![]()
(၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိပညာသင်ကြားနေသောသင်တန်းသား/သင်တန်းသူများအားကစားနည်းအလိုက်လေ့ကျင့်နေမှုတို့အားကြည့်ရှူစစ်ဆေး
ရန်ကုန် ၊ ဇူလိုင် ၂၂
အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး နှင့် ဒုတိယညွှန်ကြားရေးမှူးများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ၂ဝ၂၇ ခုနှစ်၊ မလေးရှားနိုင်ငံ တွင်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည့် (၃၄)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ အားကစားကွင်းအတွင်း၌ စခန်း သွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမ လက်ရွေးစင်အလေးမ အားကစားသမားများနှင့် ဝူရှူး အားကစားသမားများ၏ လေ့ကျင့် နေမှုများ အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်မှု ရှိစေရေးအတွက် လေ့ကျင့်မှုများ၊ သတ်မှတ်စံချိန် စံညွှန်းများပြည့်မီအောင် ကြိုးစား ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုဆု တံဆိပ် များရရှိရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍အသေးစိတ်မှာကြားခဲ့ ပြီးနောက် အားကစားသမားများ၏ တင်ပြချက်များနှင့်လိုအပ်ချက်များ အား ဖြည့်ဆည်ဆောင်ရွက်ရန် ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ ၌ တာဝန်ခံ နည်းပြများ နှင့် လေ့ကျင့် /ယှဉ်ပြိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး များကို တက်ရောက်၍လည်းကောင်း ၊ စားရိပ်သာ၌ ISPE အမျိုးသား / အမျိုးသမီး ဘောလုံးအသင်းများအား တွေ့ဆုံ၍လည်ကောင်း ၊ ၂၀၂၆ / ၂၀၂၇ ပညာသင်နှစ် တွင် ပညာသင် လေ့ကျင့်လျက်ရှိသော ရေကူး ၊ ဂျူဒို နှင့် Gym ခန်းမတွင် စုပေါင်းလေ့ကျင့် Gym ကစားနေကြသည့် တိုက်ကွမ်ဒို ၊ ကရာတေး ၊ Boxing ၊ မြားပစ် ၊ ဘောလီဘော ၊ ရွက်လှေ ၊ လှေလှော် ၊ ပိုက်ကျော်ခြင်း များကို ကြည့်ရှူစစ်ဆေး၍လည်ကောင်း ၊ မြန်မာ့လက်ရွေးစင် တက်(ဂ်)ဘော အားကစားသမားများလေ့ကျင့်နေမှုများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရှိပညာသင်လေ့ကျင့်လျက်ရှိသော ပြေးခုန်ပစ် ၊ ဝူရှူး နှင့် ISPE ဘောလုံးအသင်းများ ၏ လေ့ကျင့်နေမှုများ အားကြည့်ရှူစစ်ဆေးပြီး လိုအပ်ချက်များအပေါ် တင်ပြဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။


