အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၇

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန် ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် အတွင်းရေးမှူး၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဗိုလ်လုပြိုင်ပွဲ ပွဲစဉ်များယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြိုင်ပွဲများ အပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး ‘ကုမိတဲ့’(-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ကယားပြည်နယ်အသင်း)မှ ဖူးပွင့်သိင်္ဂီအောင်၊ ဒုတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီးအသင်း)မှ ခင်မာချို ၊ တတိယဆုရရှိသည့် (မကွေးတိုင်း ဒေသကြီး)မှ ယမင်းချို၊ ပူးတွဲတတိယဆု ရရှိသည့် (မွန်ပြည်နယ်အသင်း)မှ သင်းခွာညိုတို့ကို မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် အလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီး ကရာတေးဆပ်ကော်မတီ ဥက္ကဋ္ဌဦးဇော်နိုင် ကလည်းကောင်း၊ အမျိုးသမီး‘ကုမိတဲ့’(-၅၅)ကီလိုတန်းပြိုင်ပွဲတွင်ပထမဆုရရှိသည့် (ရခိုင်ပြည်နယ်အသင်း)မှ ဗြဲလမ့်လွန်း၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီးအသင်း)မှ မေဇင်ဟန်၊ တတိယဆုရရှိသည့် (မွန်ပြည်နယ်အသင်း)မှ မြမှူးခင်၊ ပူးတွဲတတိယဆု ရရှိသည့် (ကယားပြည်နယ်အသင်း)မှ မျိုးရတနာဦး တို့နှင့် အမျိုးသား ‘ကုမိတဲ့’ (-၅၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ အာကာဘို၊ ဒုတိယဆုရရှိသည့် (တနင်္သာရီတိုင်းဒေသကြီးအသင်း)မှ အောင်သူရကျော် ၊ တတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီးအသင်း)မှ ကျော်မျိုး၊ ပူးတွဲတတိယဆု ရရှိသည့် (ရခိုင်ပြည်နယ်အသင်း)မှ မင်းသူအောင်တို့ကို မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အထွေထွေ မန်နေဂျာ ဦးထွန်းဇော် ကလည်းကောင်း၊ အမျိုးသမီး‘ကုမိတဲ့’(-၆၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီးအသင်း)မှ သီရိရွှေရည်ထွန်း၊ ဒုတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး အသင်း)မှ သဉ္ဇာနွယ် ၊ တတိယဆုရရှိသည့် (ကယားပြည်နယ်အသင်း)မှ ရွှန်းလဲ့ဝတ်မှုန်စံ၊ ပူးတွဲတတိယဆု ရရှိသည့် (ကချင်ပြည်နယ်အသင်း)မှ အိစန္ဒာကျော်တို့နှင့် အမျိုးသား ‘ကုမိတဲ့’ (-၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ် အသင်း)မှ ကောင်းခန့်ဦး၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ဇင်မင်းမြတ် ၊ တတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး အသင်း)မှ ပြည့်ဖြိုးအောင်၊ ပူးတွဲတတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီးအသင်း)မှ ဉာဏ်လင်းထက်တို့ကို မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဒိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးစောမင်းနိုင် ကလည်းကောင်း၊ အမျိုးသမီး ‘ကုမိတဲ့’ (+၆၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ဆုမြတ်သူ၊ ဒုတိယဆုရရှိသည့် (ကချင်ပြည်နယ် အသင်း)မှ ဟဲအားချီ ၊ တတိယဆုရရှိသည့် (ကယားပြည်နယ်အသင်း)မှ အေးလတ်လတ်သူ၊ ပူးတွဲတတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီးအသင်း)မှ ဆောင်းနှင်းမေတို့နှင့် အမျိုးသား ‘ကုမိတဲ့’ (-၆၇) ကီလိုတန်းပြိုင်ပွဲ တွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ အောင်ရဲမြင့်၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီးအသင်း)မှ အောင်ချမ်းသာ ၊ တတိယဆုရရှိသည့် (ရှမ်းပြည်နယ်အသင်း)မှ အောင်ရဲဟိန်း၊ ပူးတွဲတတိယဆု ရရှိသည့် (ရခိုင်ပြည်နယ်အသင်း)မှ သန်းမင်းစိုး တို့ကို မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဒိုင်ကော်မရှင်အဖွဲ့ဝင် ဦးစည်သူထွန်းကလည်းကောင်း၊ အမျိုးသား ‘ကုမိတဲ့’ (-၇၅)ကီလိုတန်းပြိုင်ပွဲတွင်ပထမဆုရရှိသည့်(ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ မြတ်မင်းခေါင်၊ ဒုတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီးအသင်း)မှ ကောင်းခန့်ကျော် ၊ တတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီးအသင်း)မှ မြင့်ဟန်ထွန်း၊ ပူးတွဲတတိယဆုရရှိသည့် (မန္တလေးတိုင်း ဒေသကြီးအသင်း)မှ လင်းထက်ထွန်းတို့နှင့် အမျိုးသား ‘ကုမိတဲ့’ (+၇၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု ရရှိသည့် (မန္တလေးတိုင်းဒေသကြီးအသင်း)မှ ဝေယံမင်းခန့်၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်း ဒေသကြီးအသင်း)မှ ဇင်လင်းထက် ၊ တတိယဆုရရှိသည့် (ရခိုင်ပြည်နယ်အသင်း)မှ မြတ်သန်းထိုက်၊ ပူးတွဲတတိယဆုရရှိသည့် (နေပြည်တော်ကောင်စီအသင်း)မှထွန်းထွန်းလှိုင်တို့ကို မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဘဏ္ဍာရေးမှူးဒေါ်နီလာဝင်းမောင် ကလည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်း ‘ခတ’ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ဆုမြတ်သူ၊ ဒုတိယဆုရရှိသည့်(စစ်ကိုင်းတိုင်းဒေသကြီးအသင်း)မှအေးချမ်းမိုး၊တတိယဆုရရှိသည့် (ရှမ်းပြည်နယ်)မှ ယွန်းမြတ်နိုး၊ ပူးတွဲတတိယဆုရရှိသည့် (ကယားပြည်နယ်)မှ ဖူးပွင့်သိင်္ဂီအောင်တို့နှင့် အမျိုးသား တစ်ဦးချင်း ‘ခတ’ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ အောင်ကောင်းသန့်၊ ဒုတိယဆုရရှိသည့် (နေပြည်တော်ကောင်စီအသင်း)မှ မြင့်မြတ်ကျော်သူ၊ တတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီးအသင်း)မှ နိုင်လင်းအောင်၊ ပူးတွဲတတိယဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး အသင်း)မှ ဇော်ဖြိုးမြင့် တို့ကို မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဒိုင်အဖွဲ့ဝင် ဦးကျော်လှိုင်ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ‘ခတ’ ပြိုင်ပွဲတွင် ပထမဆုရရှိသည့်မန္တလေးတိုင်းဒေသကြီးအသင်း ၊ ဒုတိယဆုရရှိသည့်ကယားပြည်နယ်အသင်း၊တတိယဆုရရှိသည့်(ရှမ်းပြည်နယ်အသင်း)၊ ပူးတွဲတတိယဆု ရရှိသည့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် ‘ခတ’ ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့ကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက လည်းကောင်း ၊ အမျိုးသား+အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသော မွန်ပြည်နယ်အသင်းတို့ကို အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်က လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီးအသင်း)မှ ဆုမြတ်သူနှင့် ရွှေတံဆိပ် (၂)ခုဖြင့် အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသည့် (ရှမ်းပြည်နယ်အသင်း)မှ ကောင်းခန့်ဦး တို့ကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက် က Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ဥမ္မာကျော် ကလည်းကောင်း၊ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၃)ခုဖြင့် အမျိုးသား တံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးနေမင်းထွန်းတို့ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ရွှေတံဆိပ် (၇)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့်စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က စုပေါင်းတံခွန်စိုက်ဆုဖလားကိုပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၄ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမားအင်အား ၁၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။