![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲဆက်လက်ကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၁၆
အားကစားရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ် တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသမီး “ ကုမိတဲ့” အတိုက် – 50 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသမီး “ ကုမိတဲ့” အတိုက် – 61 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊အမျိုးသမီး” ကုမိတဲ့” အတိုက် – 55 Kg(ကီလိုတန်း)၊ပြိုင်ပွဲ၊အမျိုးသမီး “ ကုမိတဲ့” အတိုက် + 61Kg(ကီလိုတန်း)ပြိုင်ပွဲ၊အမျိုးသား “ ကုမိတဲ့” အတိုက် – 55 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသား “ ကုမိတဲ့” အတိုက် – 67 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသား “ ကုမိတဲ့” အတိုက် – 60 Kg (ကီလိုတန်း)ပြိုင်ပွဲ ၊ အမျိုးသား “ ကုမိတဲ့” အတိုက် – 75 Kg (ကီလိုတန်း)၊ပြိုင်ပွဲ၊အမျိုးသား” ကုမိတဲ့” အတိုက် + 75 Kg (ကီလိုတန်း)ပြိုင်ပွဲ များကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အမျိုးသမီးတစ်ဦးချင်း “ ခတ” ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက်” ခတ” ပြိုင်ပွဲဲ၊အမျိုးသားတစ်ဦးချင်း “ ခတ” ပြိုင်ပွဲ၊ အမျိုးသား အသင်းလိုက် “ ခတ” ပြိုင်ပွဲ၊ အမျိုးသား +အမျိုးသမီးအသင်းလိုက်” ကုမိတဲ့” ပြိုင်ပွဲများကို အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ သွားမည်ဖြစ်ရာ အားကစားဝါသနာရှင်မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။


