အားကစားရေးရာဝန်ကြီးဌာန

Loading

မလေးရှားနိုင်ငံ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပမည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပြည်ပထွက်ခွာ

ရန်ကုန်၊ ဇူလိုင် ၁၅

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ဆူဘန်ဂျာရာမြို့တွင် ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဒုတိယအကြိမ်အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၊ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ အားကစားရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးဇော်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးခွန်ဂျာအောင် ၊ ညွှန်ကြား‌ရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူးဒေါ်စိုးစိုးမြာ၊ ဒုတိယညွှန်ကြား‌ရေးမှူးဒေါက်တာထက်ဝေ တို့ပါဝင်သောအဖွဲ့သည် ယနေ့ နံနက် ၀၈: ၀၀ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေယာဉ်အမှတ်(8M-503)ဖြင့် မလေးရှား နိုင်ငံ ၊ ဆူဘန်ဂျာရာမြို့ သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။