အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြ(နည်းစနစ်)သင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဇူလိုင် ၆

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နည်းပြ(နည်းစနစ်)သင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၇ :၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ အားကစားဘာသာရပ်အလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှ အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး နည်းပြ(နည်းစနစ်) သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ် အားကစားလောကတွင် နိုင်ငံတကာ အဆင့်ယှဉ်ပြိုင်နိုင်သည့် အားကစားသမားများပေါ်ထွက်လာရေးအတွက် နည်းပြများ၏ အရည်အချင်း နှင့် ကျွမ်းကျင်မှုကို အဆက်မပြတ် မြှင့်တင်ပေးဖို့ လိုအပ်ပါကြောင်း၊ နည်းပြတစ်ဦးဟာ မိမိအားကစား နည်း၏ နည်းစနစ်တွေကိုသာ ကျွမ်းကျင်ရုံဖြင့်မလုံလောက်ဘဲ အားကစားသိပ္ပံ၊ အားကစားဆေးပညာ၊ အားကစားစိတ်ပညာ၊ အာဟာရဗေဒ ၊ လေ့ကျင့်ရေးစီမံခန့်ခွဲမှု ၊ ခေါင်းဆောင်မှုနှင့် အားကစားကျင့်ဝတ် ဆိုင်ရာ အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် ယခု ဖွင့်လှစ်သည့် နည်းပြ(နည်းစနစ်)သင်တန်းကို (၁၃)ပတ်ကြာ ၊ ရက်ပေါင်း (၉၁)ရက်တာ ကာလအတွင်း သီအိုရီပိုင်းနှင့် လက်တွေ့ပိုင်းကို ဟန်ချက်ညီညီဖြင့် စနစ်တကျပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်ပါ ကြောင်း၊ ယခုသင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို မိမိတို့ တာဝန်ထမ်းဆောင်ရာ ဒေသ အသီးသီးမှာ ပြန်လည်ဖြန့်ဝေသင်ကြားပေးကြစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။