![]()
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ)ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ရန်ကုန် ၊ ဇူလိုင်လ ၄
၂၀၂၅ ခုနှဈ၊ ဒီဇငဘှာလူထုအားကစားလှုပရှှားမှုအထိမှးအမှတှ (ဝတထှုတို၊ ဆောငှးပါး၊ ကဗှာနှင့ှ ဓာတပှုံ) ပှိုငပှှဲဆုခှီးမှှင့ပှှဲအခမှးအနားကို ယနေ့နံနကှ(၁၀း၀၀)နာရီအခှိနတှှငှ ရနကှုနတှိုငှးဒသကှေီး၊ တာမှမှေို့နယှ၊ ကှိုကကှဆံကှငှး၊ အားကစားနှင့ကှာယပညာသိပပှံ(ရနကှုနှ)ရှိ ပှညထှောငစှုခနှးမ၌ ကငှှးပ ခဲ့ရာ မှနမှာနိုငငှံအိုလံပဈကောမှတီ ဥကကှဋဌှ၊ အားကစားရေးရာဝနကှှီးဌာန ပှညထှောငစှုဝနကှှီး ဦးရဲမှင့ထှှနှး၊ ရနကှုနတှိုငှးဒသကှေီး အစိုးရအဖှဲ့ ဝနကှှီးခှုပှ ဦးအောငနှိုငသှူ၊ ရနကှုနတှိုငှးဒသကှေီး လှှတတှောှဥကကှဋဌှ၊ ဒုတိယဥကကှဋဌှ ၊ ရနကှုနတှိုငှးဒသကှေီးအစိုးရအဖှဲ့ဝနကှှီးမှား၊ အားကစားနှင့ကှာယ ပညာဦးစီးဌာန ညှှနကှှားရေးမှူးခှုပနှှင့ှ တာဝနရှှိပုဂဂှိုလမှှား၊ မှနမှာနိုငငှံအိုလံပဈကောမှတီတှဲဖကှ ဥကကှဋဌှမှားနှင့ှ အဖှဲ့ဝငမှှား၊ မှနမှာနိုငငှံအားကစားမီဒီယာမှားအဖှဲ့ခှုပှ ဥကကှဋဌှ၊ ဒုတိယဥကကှဋဌှမှားနှင့ှ အမှုဆောငမှှား ၊ ဆုရစာပနှငေ့ဓှာတပှုံပညာရှငမှှား၊ ဧည့သှညတှောမှှား တကရှောကခှဲ့ကှသညှ။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားရာတွင် အားကစားရေးရာ ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ တွင် အောင်မြင်မှုများရရှိစေရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက် မပြတ် ပေါ်ထွက်လာစေပြီး အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်စေရေးတို့အတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကို လူထုအားကစားလ အဖြစ် သတ်မှတ်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပပေးခြင်း၊ နိုင်ငံတော်၏ နေ့ထူးရက်မြတ်များ ဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ စသည့်နေ့ရက်များတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်များ၌ အားကစားပြိုင်ပွဲများကိုကျင်းပပေးလျက်ရှိပြီး အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မား လာစေရန် အထောက်အကူဖြစ်စေမည့် အားကစားကလောင်ရှင်များ၏ ကလောင်စွမ်းရည်များဖြင့် အားကစားလှုပ်ရှားမှုများကို ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်(ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ)ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခဲ့ပြီး ဆုရရှိခဲ့ကြသူများကိုလည်း စိစစ်ရွေးချယ်၍ ဂုဏ်ပြုဆုကြေးငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ လူတစ်ဦးချင်းမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူလူထုအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုများ နေ့စဉ်ဆောင်ရွက်ရန် လိုအပ်ပုံကို သိရှိနားလည်စေပြီး၊ အများ ပြည်သူစိတ်ပါဝင်စားလာစေရန်နှင့် ပင်ကိုယ်ကျန်းမာရေးအသိဖြင့် အားကစားလှုပ်ရှားမှုကို နေ့စဉ်ပုံမှန် ပြုလုပ်၍ ကိုယ်တိုင်ပါဝင်ဆင်နွှဲလာစေရေးတို့အတွက် ကလောင်စွမ်း၊ ဓာတ်ပုံပညာအစွမ်းများဖြင့် အားကစား အသိပညာဗဟုသုတများဖြန့်ဝေပေးခြင်း၊ ဆွဲဆောင်စည်းရုံးပေးခြင်း၊ စိတ်ဓာတ်မြှင့်တင် ပေးခြင်းဖြင့် အနာဂတ်တွင် မြန်မာ့အားကစား စဉ်ဆက်မပြတ် တိုးတက်မြင့်မားလာစေရန် ဦးတည်လျက် နောင်လာမည့် နှစ်များတွင်လည်း ယခုထက်ပိုမို ကြိုးစားယှဉ်ပြိုင်ပေးသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ)ဆုများ ရွေးချယ်ခဲ့ခြင်းများနှင့် အလင်္ကာကျော်စွာ ဒါရိုက်တာပန်းချီစိုးမိုးက ဓာတ်ပုံဆု ရွေးချယ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်(ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲတွင်ဆုရရှိခဲ့သူများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ဓာတ်ပုံ ပညာရှင်များကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် စေတနာရှင် အလှူရှင်များက မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်သို့ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ဆုရရှိခဲ့သူများကိုယ်စား ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပထမဆုရှင် ပြည့်ထူး(မင်းဘူး)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





