အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (စတုတ္ထနေ့) ၆ ပေါက်တန်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် ၄

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” (စတုတ္ထနေ့) ၆ ပေါက်တန်း(အမျိုးသား)ပြိုင်ပွဲ ယှဉ်ပြိုင်ခတ်ကစားနေမှုများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဝန်ထမ်းများ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၆ ပေါက်တန်း(အမျိုးသား) ပြိုင်ပွဲ (စတုတ္ထနေ့)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက ရမှတ် ၅၃၀ မှတ်၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၁၂၆၈ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၇၆၀ မှတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ရမှတ် ၁၀၇၉ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၉၃၁ မှတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၁၁၆၀ မှတ်နှင့် ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၈၄၅ မှတ်တို့ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

၆ ပေါက်တန်း(အမျိုးသား)ပြိုင်ပွဲတွင် ဝန်ကြီးဌာနများအလိုက် အသီးသီး ယှဉ်ပြိုင်ခတ်ကစား ခဲ့မှုများအပြီး၌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၁၄၀၈ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၃၉၆ မှတ်၊ စုစုပေါင်းရမှတ် ၂၈၀၄ မှတ်ဖြင့် ပထမနေရာကိုလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၁၂၈၉ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၃၄၈ မှတ်၊ စုစုပေါင်းရမှတ် ၂၆၃၇ မှတ်ဖြင့် ဒုတိယနေရာကိုလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပထမနေ့တွင် ရမှတ် ၁၂၁၅ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၂၆၈ မှတ်၊ စုစုပေါင်းရမှတ် ၂၄၈၃ မှတ်ဖြင့် ပူးတွဲတတိယနေရာကိုလည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၁၀၈၆ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၁၁၆၀ မှတ်၊ စုစုပေါင်းရမှတ် ၂၂၄၆ မှတ်ဖြင့် ပူးတွဲတတိယနေရာကိုလည်းကောင်း၊ ၄ ပေါက်တန်း(အမျိုးသမီး)ပြိုင်ပွဲ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၆၇၁ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၆၅၅ မှတ်၊ စုစုပေါင်းရမှတ် ၁၃၂၆ မှတ်ဖြင့် ပထမနေရာကိုလည်းကောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၆၀၉ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၆၅၆ မှတ်၊ စုစုပေါင်းရမှတ် ၁၂၆၅ မှတ်ဖြင့် ဒုတိယနေရာကိုလည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၆၀၈ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၅၈၅ မှတ်၊ စုစုပေါင်း ရမှတ် ၁၁၉၃ မှတ်ဖြင့် ပူးတွဲတတိယနေရာကိုလည်းကောင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ပထမနေ့တွင် ရမှတ် ၄၃၁ မှတ်နှင့် ဒုတိယနေ့တွင် ရမှတ် ၄၂၂ မှတ်၊ စုစုပေါင်းရမှတ် ၈၅၃ မှတ်ဖြင့် ပူးတွဲတတိယနေရာကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည့်အတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ တွင် ၆ ပေါက်တန်း(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ ၄ ပေါက်တန်း(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ Linking(Event-3) (အမျိုးသမီး)ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်း၊ Linking(Event-3) (အမျိုးသား)ပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်း၊ ပညာရေးဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရခြင်းလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။