အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၆ ပေါက်တန်း (အမျိုးသား)ပြိုင်ပွဲ(ဒုတိယနေ့)တွင် ပညာရေးဝန်ကြီး ဌာနအသင်းက ရမှတ် ၇၆၁ မှတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း က ရမှတ် ၁၀၈၆ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၉၀၈ မှတ်၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက ရမှတ် ၁၀၆၆ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၇၃၅ မှတ်၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၁၂၁၅ မှတ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းက ရမှတ် ၄၉၉ မှတ်တို့ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ၆ ပေါက်တန်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်း၊ သာသနာရေးဝန်ကြီးဌာနအသင်း၊ အလုပ်သမား ဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ၄ ပေါက်တန်း(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားရေးရာဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ခတ်ကစားသွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။