![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ
နေပြည်တော်၊ ဇူလိုင် ၁
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၆ ပေါက်တန်း(အမျိုးသား)ပြိုင်ပွဲ(ပထမနေ့)တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၂၈၉ မှတ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ရမှတ် ၆၈၁ မှတ်၊ အလုပ်သမားဝန်ကြီးဌာနအသင်းက ရမှတ် ၅၂၀ မှတ်၊ သာသနာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၈၀၉ မှတ်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၄၀၈ မှတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းက ရမှတ် ၆၃၁ မှတ်တို့ကိုလည်းကောင်း၊ ၄ ပေါက်တန်း (အမျိုးသမီး)ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ရမှတ် ၆၀၉ မှတ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၆၇၁ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၀၀ မှတ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၃၈၇ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၆၀၈ မှတ်နှင့် အားကစားရေးရာဝန်ကြီးဌာနအသင်းက ရမှတ် ၄၃၁ မှတ်တို့ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၆ ပေါက်တန်း (အမျိုးသား) ပြိုင်ပွဲ(ဒုတိယနေ့)တွင် ပညာရေးဝန်ကြီး ဌာနအသင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ခတ်ကစား သွားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


